Connect with us

Economy

Fortune Global 500 တွင် ပထမဆုံးအကြိမ် တရုတ်ကုမ္ပဏီအများဆုံးပါဝင်လာ

Fortune Global 500 ၏ ယခုနှစ်စာရင်းတွင် အသစ်ဝင်ရောက်လာသည့် Xiaomi နည်းပညာကုမ္ပဏီ၏ စီအီးအို Lei Jun အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။

ယခုနှစ် Global 500 စာရင်းတွင် တရုတ်ကုမ္ပဏီ စုစုပေါင်း ၁၂၉ ခုရှိလာခဲ့ကြောင်း၊ ယင်းအနက် ကုမ္ပဏီအသစ် ၁၃ ခုပါရှိကြောင်း၊ အမေရိကန်နိုင်ငံထက် ကုမ္ပဏီအရေအတွက်ပိုများခဲ့ကြောင်း Fortune China ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်ကုမ္ပဏီ ၃ ခုဖြစ်သည့် Sinopec Group, China National Petroleum နှင့် State Grid က ထိပ်တန်း နံပါတ် ၁၀ အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ၉ နှစ်က တည်ထောင်ခဲ့ပြီး Global 500 စာရင်းဝင်အသစ်ဖြစ်လာသော Xiaomi နည်းပညာကုမ္ပဏီ က ယခုနှစ် Fortune Global 500 ကုမ္ပဏီများအကြား သက်တမ်းအနုဆုံးဖြစ်ကာ နံပါတ် ၄၆၈ ခုမြောက်တွင် ရှိနေခဲ့သည်။

ထိုစာရင်းတွင် တိုးတက်မှုအဆင့် အမြန်ဆုံးဖြစ်လာသည့် ထိပ်တန်း ၁၀ ခုမှ ၆ ခုမှာ အလီဘာဘာနှင့် Tencent ကုမ္ပဏီများအပါအဝင် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.