Connect with us

Social

ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ ( Yun TianHua ) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားအားနေပြည်တော်ရှိရေဆင်းစိုက်ပျိုးရေတက္ကသိုလ် တွင် ကျင်းပ ပြုလုပ်

ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ( YunTianHua ) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

YUN TIAN HUA Group မှ ပေးအပ် ချီးမြင့် သည့် ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ( Yun TianHua ) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားအားဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော် ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌ ပညာသင်ကြားနေသောထူးချွန် ဘွဲ့ကြိုကျောင်းသား ၂၀ ဦး ၊ မဟာသိပ္ပံကျောင်းသား ၆ ဦး နှင့် ပါရဂူကျောင်းသားသုံးဦးစုစုပေါင်း ၂၉ ဦးအားပညာသင်စုအသီးသီးပေးအပ်ခဲ့သည်။

မြန်မာ နိုင်ငံစိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာအောင်သူ က အဖွင့် အမှာစကားပြောကြားရာတွင် YUN TIAN HUA Group က မြန်မာ နိုင်ငံစိုက်ပျိုးရေးနည်းပညာအားခေတ်မီအရည်အသွေး ဖြစ်စေရန် ၊ ကောင်းမွန်သည့် စိုက်ပျိုးရေးထွက်ကုန်များထုတ်လုပ်နိုင်စေရန် ၊ တောင်သူများသီးနှံအထွက် တိုးစေပြီး ဝင်ငွေ တိုးပွားစေရန် အတွက် ဆောင်ရွက်သည့် နေရာတွင် အားသွန်ခွန်စိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည် ကိုသိရှိရသည့် အတွက် မိမိအနေဖြင့် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ၊ YUN TIAN HUA Group နှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာ နိုင်ငံအတွက် လူတော်လူကောင်းများ ပြုစုပျိုးထောင် ပေးရန် အတွက် အထူးအကျိုးဖြစ်ထွန်းစေမည် ကိုမျှော်လင့်ကြောင်း ၊ YUN TIAN HUA Group ၊ ယူနန် စိုက်ပျိုးရေးတက္ကသိုလ် နှင့် မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ပူးပေါင်း ၍ စီမံကိန်းပေါင်း ၇ ခုပူးပေါင်းဆောင်ရွက်နေသည် ကိုသိရှိရသည့် အတွက်လည်းအထူး ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

YUN TIAN HUA Groupဒုတိယအထွေထွေ မန်နေဂျာ လျှိုဟယ်ရှင်း (Liu Hexing) က အဖွင့် နှုတ်ခွန်းဆက် စကားပြောကြားရာတွင် မိမိတို့အနေဖြင့် မြန်မာ နိုင်ငံစိုက်ပျိုးရေးလုပ်ငန်းခေတ်မီဖွံ့ဖြိုးတိုးတက်ရန် နှင့် တောင်သူလယ်သမားများ ဝင်ငွေ တိုးပွားစေရန် အတွက် အဓိကထား၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၂၀၁၆ ခုနှစ် တွင် မြန်မာ နိုင်ငံရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှင့် နားလည်မှု စာချွန်လွှာရေးထိုးခဲ့ပြီးနောက် တွင် ၃ နှစ်တာကာလအတွင်းရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ ကျောင်းသားပေါင်း ၆၀ ကျော် ကိုတရုတ် နိုင်ငံသို့ သွားရောက်လေ့လာရန် စေလွှတ်ပေးနိုင်ခဲ့ကြောင်း ၊ ယခုနှစ်တွင်လည်းYUN TIAN HUA Groupအနေဖြင့် ကူညီထောက်ပံ့မှုများဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကျောင်းသား/သူ နှင့် ဆရာ/ဆရာမများအပြန်အလှန် ဖလှယ်မှုများဆောင်ရွက်ကာ မြန်မာ နိုင်ငံစိုက်ပျိုးရေး ကဏ္ဍ အတွက် ပညာရှင်များမွေးထုတ်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံစိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာအောင်သူ က အဖွင့် အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

YUN TIAN HUA Group ဒုတိယအထွေထွေ မန်နေဂျာ လျှိုဟယ်ရှင်း (Liu Hexing) က အဖွင့် နှုတ်ခွန်းဆက် စကားပြောကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က နှုတ်ခွန်းဆက် အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

ယွင်ထျန်းဟွာ( YunTianHua ) ပညာသင်ဆုရရှိခဲ့သည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကိမိလ နှင့် သတ္တဗေဒဌာနပါရဂူဘွဲ့ ကျောင်းသူခင်အေးပွင့်ခိုင်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ( YunTianHua ) ပညာသင်ဆုပေးအပ်ပွဲတွင် ပညာသင်ဆုပေးအပ် နေစဉ်(ဆင်ဟွာ)

နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ် က နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ယွင်ထျန်းဟွာ ( Yun TianHua ) ပညာသင်ဆုအားတက္ကသိုလ် ရှိပညာသင်ဆုလျှောက်ထားသူများအနက် လူတွေ့ စစ်ဆေးမှု ပြုလုပ် ကာရမှတ် အများဆုံးရရှိသူများအားပေးအပ် ချီးမြှင့် ခဲ့ခြင်း ဖြစ်ကြောင်း ၊ YUN TIAN HUA Group က ရေဆင်းတက္ကသိုလ် မှ နောက်ဆုံးနှစ် ကျောင်းသား/သူ ၅ ဦးအားတရုတ် နိုင်ငံသို့ အချိန် သုံးလသွားရောက် လေ့လာရန် စီစဉ်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ အနာဂတ် တွင်လည်းYUN TIAN HUA Group နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်များလည်းရှိကြောင်း ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ပညာသင်ဆုအမျိုးမျိုးရှိသော်လည်းယွင်ထျန်းဟွာပညာသင်ဆု က အမြင့်မားဆုံးပေးအပ် သည့် ပညာသင်ဆု ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယွင်ထျန်းဟွာ ( Yun TianHua ) ပညာသင်ဆုရရှိခဲ့သည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကိမိလ နှင့် သတ္တဗေဒဌာနပါရဂူဘွဲ့ ကျောင်းသူခင်အေးပွင့်ခိုင် က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု အားဖြေကြားခဲ့ရာတွင် လက်ရှိချိန်တွင် သုတေသနလုပ်ငန်းများအားလုပ်တွေ့ လုပ်နေရသည့် အတွက် ငွေကုန်ကြေးကျမှု များရှိလာချိန် တွင် ပညာသင်ဆုရရှိခဲ့သည့် အတွက် ဝမ်းသာမိကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှု ၊ နှစ်နိုင်ငံအပြန်အလှန် ဖလှယ်မှုများအောက်တွင် ကျောင်းသား/သူများပညာသင်ဆုပေးအပ်ခြင်းအပေါ် မိမိအနေဖြင့် ဝမ်းမြောက်ကြိုဆိုကြောင်းပြောကြားခဲ့သည်။

မြန်မာ နိုင်ငံရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် သင်တန်းရေးရာဒုတိယဌာနမှူး ဦးတင်ကိုကို က မေးမြန်းမှု အား ပြန်လည် ဖြေကြားရာတွင် ယွင်ထျန်းဟွာပညာသင်ဆု က ကျောင်းသား/သူများအတွက် အလွန် ထိရောက်မှု ရှိပြီးရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် တွင် ပေးအပ်သည့် အမြင့်ဆုံးပညာသင်ဆုလည်း ဖြစ်ကြောင်း ၊ ယွင်ထျန်းဟွာပညာသင်ဆု က တက္ကသိုလ်ရှိအထူးချွန်ဆုံးကျောင်းသား/သူများအားပေးအပ်သည့် ပညာသင်ဆု ဖြစ်သည့် အတွက် ကျောင်းသား/သူများပိုမို ကြိုးစားရန် တွန်းအား ဖြစ်စေခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ က စိုက်ပျိုးရေးလုပ်ငန်းအားအဓိကအားထားရသည့် နိုင်ငံ ဖြစ်သည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းပညာရှင်များပိုမိုတိုးပွားစေရန် နှင့် စိုက်ပျိုးရေးလုပ်ငန်း နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများတိုးတက်စေရန် အတွက် ထောက်ပံ့ပေးခြင်း က မြန်မာ နိုင်ငံအတွက် လွန်စွာအကျိုးရှိသည့် အတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။

တရုတ်-မြန်မာစီးပွားရေးစြင်္က ံ တည်ဆောက်ရေးလုပ်ငန်းတွင် ပိုမိုကောင်းမွန်စွာပါဝင် နိုင်ရန် နှင့် မြန်မာ နိုင်ငံစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု အားဝန်ဆောင်မှု ပေးနိုင်ရန် အတွက် ၂၀၁၆ ခုနှစ် တွင် YUN TIAN HUA Group အနေဖြင့် မြန်မာ နိုင်ငံတွင် ဖက်စပ် SHWE CROP NUTRIENTS CO.,LTD ကိုထူထောင် ခဲ့ပြီးဝန်ဆောင်မှုများပေးအပ် ခဲ့သည်။ တစ်ချိန်တည်းတွင် YUN TIAN HUA Group အနေဖြင့် ယူနန် စိုက်ပျိုးရေးတက္ကသိုလ် နှင့် မြန်မာ နိုင်ငံရေးစင်းစိုက်ပျိုးရေးတက္ကသိုလ် တို့ နှင့် မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ် ကို ချုပ်ဆိုခဲ့ပြီး “YUN TIAN HUA ပညာတော်သင် ဖောင်ဒေးရှင်း” နှင့် “YUN TIAN HUA ပညာသင်ဆု” တို့ကိုထူထောင်ခဲ့ကာအနာဂတ် ၅ နှစ် တာကာလအတွင်းငွေကြေးထောက်ပံ့မှု ၊ နှစ်နိုင်ငံတက္ကသိုလ် အပြန်အလှန် လည်ပတ်မှု နှင့် ပညာတော်တင် သွားရောက်ရန် အတွက် ကူညီထောက်ပံ့မှု တို့ကိုဆောင်ရွက်ပေးခဲ့ကာရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် မှ ထူးချွန် ကျောင်းသားများကိုလည်းဆုများချီးမြှင့် ပေးခဲ့ကြောင်းသိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.