ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့တွင် အောက်တိုဘာလ ၁၄ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုအတွင်းမှ ၃ ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် ယာဉ်မတော်တဆ ဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ရှိ Wasserkuppe တောင်ပေါ်၌ အောက်တိုဘာ ၁၄ ရက်က လေယာဉ်ငယ်တစ်စီး ဆင်းသက်ရန်ကြိုးစားစဉ် လူအုပ်ထဲသို့ ပျက်ကျခဲ့ရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။
ကဘူးလ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Farahပြည်နယ် ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို တာလီဘန်လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်မီဒီယာများ၏ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ...
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ဘတ်စ်ကားတစ်စီးအပါအဝင် ယာဉ်အများအပြား ဆင့်တိုက်မိ၍ အနည်းဆုံး လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။
အက်စတာဒန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် သည် နယ်သာလန်နိုင်ငံသို့ အောက်တိုဘာ ၁၄ ရက်တွင် တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ်ရောက်ရှိလာပြီး တရုတ်ဝန်ကြီးချုပ်တစ်ဦးအနေဖြင့် ၁၄နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
အန်ကာရာ ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ အာဒိုဂန် နှင့် ဆော်ဒီနိုင်ငံဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇစ် တို့သည် အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းက ဆော်ဒီသတင်းသမား Jamal Khashoggi ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် ထိုင်းနိုင်ငံ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလနှောင်းပိုင်းတွင် မလေးရှားနိုင်ငံ ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်သွားရန် စီစဉ်ထားကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆာနား၊ အောက်တိုဘာ ၁၄ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် အောက်တိုဘာ ၁၃ ရက်က လေကြောင်းတိုက်ခိုက်ခံရကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိပြီး ၂၀ ဒဏ်ရာရရှိကြောင်း ဒေသခံဆေးရုံ တစ်ရုံရှိ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။