ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၄မိုင် ၁ဖာလုံ နှင့် ၂ဖာလုံ ကြားတွင် ယနေ့ နံနက် ၈နာရီခွဲတွင် ပုဂံဘုရားဖူးယာဉ် မီးလောင်ပြီး ၈ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်အတွင်းရှိ အကွီစားသောက်ဆိုင်တွင်ဇန်နဝါရီလ ၂၁ ရက်နံနက် ၀၄း၃၅အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးခိုးမွှန်၍ လူ ၅ ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သိန်းကြည်က ဆင်ဟွာကိုပြောသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကက်ပီတို ( Capitol) အဆောက်အအုံ၌ဇန်နဝါရီလ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ၏ ၄၅ ယောက် သမ္မတအဖြစ် ဒေါ်နယ်ထရမ က့်် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်.ဇန်နဝါရီ ၂၀ ရက် ( ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ၄၅ ယောက် သမ္မတရာထူး ကို သမ္မတသစ်ဒေါနယ်ထရမ့် ကလက်ခံပွဲ ကျင်းပသည့် ဇန်နဝါရီ ၂၀ ရက်တွင် ဝါရှင်တန်မြိ ု့၌အကြမ်းဖက်ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်,ဆန္ဒပြသူများသည် စတိုးဆိုင်များမှန်ကို ရိုက်ဖျက်ခြင်း၊ကားမှန်များကို ရိုက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။်( Xinhua)
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကဖြစ်ပေါ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီက ပြင်းထန်စွာရှုတ်ချကြောင်း ပြောကြားသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄) ခုမှ ပညာရည်ထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသည့် တက္ကသိုလ် ကျောင်းသား/သူ (၁၀၀) ကျော်အား စတုတ္ထအကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန် မြို့ လသာ မြို့နယ်ရှိ...
မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မူးယစ်ရာဇာ အယ်လ်ချာပ်ု ခေါ် Joaquin Guzman Loera ကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း မက္ကဆီကို အစိုးရက ဇန်နဝါရီလ ၁၉ ရက်၌ ကြေညာလိုက်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသို့ ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့တွင် ရောက်ရှိလာသော ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး The Rt. Hon. Boris Johnson၏ တရားဝင်ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ ကြူပန်းကျေးရွာ အနီးတွင် ယနေ့ ဇန်နဝါရီ ၂၀ရက်နေ့ နံနက် ၉နာရီခန့်က ရီမုမိုင်း ၇လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ရှီးအန်း၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) လူပေါင်း ၂,၀၀၀ ကျော်အား မြှုပ်နှံထားသည်ဟု ခန့်မှန်းရသော သက်တမ်း နှစ်ပေါင်း ၆,၀၀၀ ရှိသော သင်္ချ ိုင်းတစ်ခုအား တရုတ်နိုင်ငံ အနောက်မြောက်ဘက်ရှိ ရှန်ရှီးပြည်နယ်၌ တူးဖော်တွေ့ရှိခဲ့ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ပြောကြားလိုက်သည်။