ပေါ့တ်လူးဝစ်္စ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် မောရစ်သျှသမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌ ဇူလိုင် ၂၇ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေမြုပ်နေအိမ် ၂၀၀ ကျော်ထိ တိုးလာပြီး ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့ ပေးထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) သမ္မတရှီကျင့်ဖိန်က BRICS အဖွဲ့ဝင်နိုင်ငံများအားလုံးသည် လက်ရှိ ဖြစ်ပေါ်နေသည့် ရေစီးကြောင်းအား ဖမ်းဆုပ်ရမည်ဖြစ်ကြောင်း၊ ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုလည်းပိုမိုနက်ရှိုင်းစေရမည်ဖြစ်ကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်စေလွှတ် ဖလှယ်ရေး စသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် မူဘောင်များကို ချမှတ်ကာ ပိုမိုခိုင်မြဲစေရန်လည်းလိုအပ်ကြောင်း ၁ဝ ကြိမ်မြောက် BRICS...
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ သထုံခရိုင် ၊ ဘီးလင်း မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန် မြင့်တက်ကာ ကားလမ်းမ အထက် ရေ ၄ ပေ ခန့် မြင့်တက် လာမှုကြောင့် ယနေ့...
တိုကျို၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ အသက် ၁၁၇ နှစ်အရွယ်ရှိ အသက်အကြီးဆုံး အဘွားအို ချီယို မီယာကို (Chiyo Miyako) သည် ဇူလိုင်လ ၂၂ ရက်က ကွယ်လွန်သွားခဲ့ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ဝန်ကြီးဌာနက ဇူလိုင်လ ၂၆...
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်အတူ ခိုင်မာတောင့်တင်းပြီး ဖွံ့ဖြိုးတက်မှုရှိသော ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးတစ်ခုဖော်ဆောင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် အာဂျင်တီးနားနိုင်ငံနှင့်အတူ ဘက်စုံပါဝင်သော ကုန်သွယ်ရေးစနစ် စောင့်ထိန်းရေးနှင့် ကမ္ဘာ့ အုပ်ချုပ်ရေးစနစ် တိုးတက်ရေးတွင် ကူညီဆောင်ရွက်ကြရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၆ ရက်တွင် ပြောကြားလိုက်သည်။