Connect with us

Environment, Disasters & Accidents

စိန်ခေါ်မှုအသစ်၊ အခွင့်အလမ်း အသစ်များကို မျက်ခြေမပြတ်ဖို့ လို

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အမှာစကား ပြောကြားစဉ်။

နေပြည်တော်၊ ဇွန် ၁၁ရက်(ဆင်ဟွာ)

ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု စနစ်များကို ဖော်ထုတ်ရာ၌ နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာ မှုနှင့်အတူ သဘာ၀ ပတ်ဝန်းကျင်အပေါ် ဖိအားပေးမှုမများ၊ အသစ်အသစ်သော စိန်ခေါ်မှုများ၊ အခွင့် အလမ်းများကို မျက်ခြေ မပြတ်ဖို့ လိုအပ်သည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြောကြားခဲ့သည်။

“နိုင်ငံတော်ရဲ့ လူမှုစီးပွား ဖွံ့ဖြိုးရေးစီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ သယံဇာတ စီမံခန့်ခွဲမှု နည်းလမ်းတွေနဲ့ ပတ်ဝန်းကျင် အထောက်အကူပြု နည်းလမ်းတွေကို သုံးပြီး ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို အဓိက လုပ်ငန်း တစ်ရပ်အနေနဲ့ ထည့်သွင်း ဆောင်ရွက်ရေးဟာ ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် (CEA:_ Country Environmental Analysis) အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ယနေ့ မိတ်ဆက်သည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာသည် သစ်တော ကဏ္ဍ၊ ငါးလုပ်ငန်း၊ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း စနစ်နှင့် အစိုင်အခဲ၊ စွန့်ပစ် ပစ္စည်း၊ ပလတ်စတစ်နှင့် လေထု ညစ်ညမ်းခြင်း စသည့် ကဏ္ဍများ၏ အခြေအနေကို ရှုထောင့်စုံမှ သုံးသပ်ထားသော အစီရင်ခံစာ ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုများ ပိုမို ကောင်းမွန်လာစေရန် လုပ်ဆောင်ရမည့် သီးခြား လုပ်ငန်းစဉ်များနှင့် အကြံပြုချက်များ ပါဝင်သည့် လမ်းပြ မြေပုံကိုလည်း ဖော်ထုတ် တင်ပြထားကြောင်း၊ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နှင့် သဘာ၀ သယံ ဇာတ တို့၏ ဦးတည်ရာ အလားအလာများကို ပိုမို သိရှိ နားလည်စေမည့်အပြင် စောင့်ကြပ် ကြည့်ရှုခြင်းနှင့် လိုက်နာ ဆောင်ရွက်ခြင်း အပါအဝင် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ စနစ် ပိုမို အားကောင်းလာစေဖို့ အထောက်အကူ ပြုမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ အမှာစကား ပြောကြားစဉ်။

ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး၊ Programme Leader Mr. Mark Austin အမှာစကား ပြောကြားစဉ်။

မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာချက် အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပနေစဉ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက “အထူးသဖြင့် CEA (Country Environmental Analysis) မှာ အလားအလာရှိတဲ့ ဒေသခံ လူထု အခြေခံ ငါး လုပ်ငန်း စီမံခန့်ခွဲမှုနဲ့ ရေချိုနဲ့ ကမ်းရိုးတန်း ငါးလုပ်ငန်း စီမံခန့်ခွဲမှုတို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို အောင်မြင်စွာ တာဝန်ပေးအပ်နိုင်ခဲ့တာကို အလေးထား ဖော်ပြ ထားတာ တွေ့ရပါတယ်၊ ထိုင်း၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ငါးမွေးမြူရေး လေ့လာ ဆန်းစစ်မှုအရ မြန်မာနိုင်ငံမှာ ငါးမွေးမြူ ထုတ်လုပ်မှုကို ဘယ်လို ထပ်မံ မြှင့်တင် ဆောင်ရွက်နိုင်မလဲ ဆိုတာကို ထဲထဲဝင်ဝင် သိမြင်နိုင်စေဖို့လည်း ဖော်ပြထားပါတယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံ့ စီးပွား ဖွံ့ဖြိုး တိုးတက်လာမှုသည် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု အသစ်များကို ယူဆောင်လာ ကြောင်း၊ ထို စိန်ခေါ်မှုများကို တုံ့ပြန်ကာကွယ်နိုင်ရန် ရေရှည် ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် ဂေဟစနစ်ကို အခြေခံသည့် ငါးလုပ်ငန်း စီမံခန့်ခွဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ကမ္ဘာ့ဘဏ်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ ပူးပေါင်းပြီး နေပြည်တော် Hilton Hotel ၌ ယနေ့ ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ INGos, NGOs တို့မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.