Connect with us

North America

အမေရိကန်နိုင်ငံ မစ်ဆိုရီတွင် ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံး

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ်၌ သေနတ်ပစ်ခံရပြီး သေဆုံးသွားသော ကလေးငယ်အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ချီကာဂို ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မစ်ဆိုရီပြည်နယ် စိန့်လူးဝစ်၌ ဇွန် ၉ ရက် ညပိုင်းက ကားမောင်းနေသူတစ်ဦး၏ ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးသွားပြီး နောက်ထပ် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁ဝ ရက်တွင် ပြောကြားခဲ့သည်။

Kenndei Powell အမည်ရှိ မိန်းကလေးငယ်သည် ဆေးရုံ၌သေဆုံးသွားခြင်းဖြစ်ကြောင်း နှင့် အခြားကလေးငယ်တစ်ဦးမှာမူ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း တည်ငြိမ်သောအခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။

ပစ်ခတ်မှုသည် ဇွန် ၉ ရက် ည ၈ နာရီ ၃ဝ မိနစ်တွင် မြို့တောင်ပိုင်းရှိ အိမ်တစ်လုံးအပြင်ဘက်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် အမျိုးသားနှစ်ဦးမှာလည်း အသက် ၃ နှစ် မှ ၈ နှစ်အရွယ် ကလေးငယ် ၅ ဦးနှင့်အတူ ဒဏ်ရာများရရှိခဲ့ကြောင်း ၊ ၎င်းတို့သည် လျှောက်လမ်းဘေးတွင် ရပ်ထားသော အမျိုးသမီးတစ်ဦးထိုင်နေသည့် ကားနံဘေးတွင် ရပ်နေကြစဉ် တံခါးလေးပေါက်ပါ အဖြူရောင်ကားတစ်စီးပေါ်မှ သေနတ်ဖြင့် လှမ်းပစ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ကလေးငယ် နှစ်ဦးသာ ကျဉ်ဆံထိမှန်ခဲ့ပြီး ၎င်းတို့အားဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်းမရှိကြောင်း နှင့် ဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.