Connect with us

Europe

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး က အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် အား ထိန်းသိမ်းကြရန် တိုက်တွန်း

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas က ဇွန်လ ၁၀ ရက် ၌ အီရန် နိုင်ငံ မြို့တော် တီဟီရန် တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် စာချုပ် က အလွန်အရေးကြီးပြီး သက်ဆိုင်ရာ နိုင်ငံ အသီးသီး တို့ မှ သဘောတူညီချက် တွင် ပါရှိသော အီရန် နိုင်ငံ ၏ အကျိုးစီးပွား ကို ထိန်းသိမ်းပေးကြရန် လိုအပ်ကြောင်း တိုက်တွန်း ခဲ့သည်။

Heiko Maas က အီရန် နိုင်ငံ သို့ သွားရောက် လည်ပတ်စဉ် အတွင်း အီရန် နိုင်ငံခြားရေး ဝန်ကြီး နှင့် တွေ့ဆုံ ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ရာ တွင် သဘောတူညီချက် တွင် လက်မှတ်ပါဝင်ရေးထိုးခဲ့သည့် ဂျာမနီ ၊ ပြင်သစ် နှင့် ဗြိတိန် နိုင်ငံ တို့ က သဘောတူညီချက် ၏ သက်ရောက်မှု ကို ခိုင်မြဲစွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ၊ သဘောတူညီချက် တွင် ပါဝင် သည့် အီရန် နိုင်ငံ ၏ စီးပွားရေး အကျိုးစီးပွား ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး အီးယူ အနေဖြင့်လည်း ယင်းအချက် ကို ထိန်းသိမ်းရန် အတွက် အစွမ်းကုန် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး Javad Zarif က သတင်းစာ ရှင်းလင်းပွဲ တွင် လက်ရှိချိန် ၌ အီရန် နိုင်ငံ နှင့် အမေရိကန် နိုင်ငံ အကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဖြစ်နိုင်ခြေ မရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က ဇွန်လ ၂ ရက် ၌ ဆွစ်ဇာလန် နိုင်ငံ သို့ သွားရောက် လည်ပတ်စဉ် အတွင်း အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် ကန့်သတ်ချက်မဲ့ ဆွေးနွေးမှု ဆောင်ရွက်သွားလိုသော်လည်း ဖိအားပေးမှု ကို ဖြေလျော့ပေးမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပြောဆိုချက် နှင့် ပတ်သက်၍ အီရန် နိုင်ငံခြားရေး ဝန်ကြီး က ၎င်းတို့ အနေဖြင့် စာပေ အသုံးအနှုန်း ကစားပွဲ ပြုလုပ်နေခြင်း သာဖြစ်သောကြောင့် အီရန် နိုင်ငံ မှ မည်သည့် တုန့်ပြန်ဆောင်ရွက်မှု မှ ပြန်လည် ပြုလုပ်ရန် မလိုအပ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.