ကဘူးလ် ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတွင် ဇူလိုင်လ ၂၂ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မနီလာ ၊ ဇူလိုင်၂၃ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် လူ ၅ ဦး သေဆုံးပြီး ရေဘေးသင့်သူ ၇ သိန်း ၂ သောင်း ရှိကြောင်း ဖိလစ်ပိုင်နိုင်ငံ အစိုးရက ဇူလိုင်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် အနီးတွင် ဇူလိုင် ၂၂ ရက်က ဆောက်လက်စ အဆောက်အဦတစ်ခု ပြိုကျရာ အနည်းဆုံး အလုပ်သမားတစ်ဦး သေဆုံးပြီး အခြားလူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကီဂါလီ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် အဖြစ် ရဝမ်ဒါနိုင်ငံ သို့ ဇူလိုင် ၂၂ ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ရန်ကုန်-တောင်ငူ ရထား လမ်းပိုင်းအား အဆင့် မြှင့်တင်ခြင်း လုပ်ငန်း စတင် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
တီဟီရန် ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း Kermanshahပြည်နယ်တွင် ဇူလိုင်လ ၂၂ ရက်က ပြင်းအား ၅.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဆီနီဂေါနိုင်ငံသမ္မတ Macky Sall တို့သည် ဇူလိုင် ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဆီနီဂေါအမျိုးသားနပန်းရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့အတူတကွတက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများ အဆက်မပြတ် ရွာသွန်မှုကြောင့် သံလွင်မြစ်ရေ တိုးလာသဖြင့် စိုရိမ်ရေ အမှတ် အထက် ကျော်လွန်ကာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ဘားအံမြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့တွင် ရေများ ဝင်ရောက်လျက် ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၁) ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် တီးတိန်မြို့နယ်၌ လေသေနတ် ၁ လက်နှင့် ၎င်းကျည် ၃၅၀ တောင့် ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။