Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ တောင်ပိုင်းပြည်နယ်တွင် တာလီဘန်အကျဉ်းထောင်မှ လူ ၂၈ ဦးအား အစိုးရပ်တပ်ဖွဲ့လွှတ်ပေး၊ စစ်သွေးကြွ ၂ ဦးသေဆုံး

အာဖဂန်နိုင်ငံရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ်၊ မေ ၃၀ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ တောင်ပိုင်း ဇဘူးလ်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညတွင်းချင်း အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ရာ တာလီဘန်အကျဉ်းထောင်တစ်ခုမှ အရပ်သား ၁၆ ဦးနှင့် စစ်သား ၁၂ ဦးအား လွှတ်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ဇဘူးလ်ပြည်နယ် နော်ဘဟာခရိုင်မှာ အထူးစစ်ဆင်ရေးတစ်ရပ် လုပ်ခဲ့တယ်။ တိုက်ခိုက်မှုမှာ စစ်သွေးကြွ ၂ ဦးသေဆုံးခဲ့တယ်” ဟု ဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။

လွတ်မြောက်လာသူများမှာ စစ်စခန်းတစ်ခုသို့ လွှဲပြောင်းခံခဲ့ရပြီးနောက် ကျန်းမာရေးဆိုင်ရာ ကုသမှုခံယူခဲ့ရကြောင်း ကြေညာချက်အရ သိရသည်။

၎င်းတို့၏ မိသားစုများနှင့် မကြာမီဆုံတွေ့နိုင်တော့မည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ တာလီဘန်စစ်သွေးကြွများဘက်မှ မှတ်ချက်တစ်စုံတစ်ရာ ပြောကြားထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.