ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး- အမ်းကားလမ်း ဘေးရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ မကြာမီ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၄၄/ဝနှင့် ၁၄၄/၁)ကြား၌ မေ ၁၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် လူ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မေ ၁၈ ရက်(ဆင်ဟွာ) ၁၆ ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ ့ခိုင်မှု အားကစား ပြိုင်ပွဲအား ယနေ့မေ ၁၈ ရက်တွင် ရန်ကုန်မြို့၌ စတင် ကျင်းပခဲ့ရာ ပြိုင်ပွဲ ပထမနေ့တွင် မြန်မာနိုင်ငံမှ ဆုတံဆိပ် အများဆုံး ရရှိထားကြောင်း...
ဟဲရတ်၊ အာဖဂန်နစ္စတန်၊ မေ ၁၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ် အိုဘီခရိုင်တွင် မေလ ၁၈ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး ခရိုင်အကြီးအကဲအပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက...
ကာရာကာ့စ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော တတိယအကြိမ်မြောက်တင်ပို့လိုက်သော ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၆၄ တန်အား မေလ ၁၆ ရက်က လက်ခံရရှိခဲ့ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ မေ ၁၈ ရက်(ဆင်ဟွာ) ၂၀၁၉ခုနှစ် “ (၁၈)ကြိမ်မြောက် တရုတ်စာပေ ပေါင်းကူးတံတား ” တက္ကသိုလ်ကျောင်းသားအဆင့် ကမ္ဘာတစ်ဝန်း တရုတ်ဘာသာစကားပြိုင်ပွဲ၏ ရန်ကုန် ပဏာမ ရွေးချယ်ပွဲကို ယနေ့ (မေ ၁၈ ရက်) နံနက်ပိုင်းက ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရန်ကုန်မြို့...
ဘန်ကောက်၊ မေ ၁၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ မိဖုရားအသစ်၏ ပုံများကို မေ ၁၇ ရက်က တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။နန်းတက် မိဖုရားအသစ်ဖြစ်သော Suthida၏ ပုံတူ ဓာတ်ပုံ ၂၀ကို ပုံနှိပ်ထုတ်ဝေရန် ထိုင်းဘုရင် Maha Vajiralongkornက ခွင့်ပြုလိုက်ကြောင်း ထိုင်းအစိုးရ၏ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက...
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၁နာရီကျော်တွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး မကွေး-ရေနံချောင်းသွားလမ်း၊ ဒေါင်းနေချောင်းတံတားအနီးမိုင်တိုင်အမှတ် ၃၄၇/၀ တွင် မေ ၁၇ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ပြီး လူ၂ဦးသေ၊ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အာရှယဉ်ကျေးမှုဖလှယ်ရေးညီလာခံ (Conference on Dialogue of Asian Civilizations) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းအား ပုံနှိပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။