Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ အနောက်ပိုင်းတွင် ဗုံးပေါက်မှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ် အိုဘီခရိုင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟဲရတ်၊ အာဖဂန်နစ္စတန်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟဲရတ်ပြည်နယ် အိုဘီခရိုင်တွင် မေလ ၁၈ ရက်က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး အရပ်သား ၄ ဦး သေဆုံးပြီး ခရိုင်အကြီးအကဲအပါအဝင် လူ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

“မနက်ပိုင်းက အိုဘီခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ခရိုင်အကြီးအကဲရဲ့ ကားဖြတ်သွားတဲ့အချိန် ဗုံးထောင်ထားတဲ့ ဆိုင်ကယ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ” ဟု ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဂျီလန်နီဖာဟတ် (Jilani Farhad) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ဒဏ်ရာရသူများအား ခရိုင်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရသူများမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသေးကြောင်း၊ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ယူပြောကြားထားခြင်း မရှိသော်လည်း ဒေသခံတာဝန်ရှိသူများကမူ တာလီဘန်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲထားကြောင်း သိရသည်။ (Xinhua)