Connect with us

Latin America

တရုတ်နိုင်ငံမှ တင်ပို့လိုက်သော နောက်ထပ်ဆေးဘက်ဆိုင်ရာအကူအညီ ဗင်နီဇွဲလားနိုင်ငံ လက်ခံရရှိ

ဗင်နီဇွဲလားနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာအကူအညီများအား တွေ့ရစဉ် (ဆင်ဟွာ)

ကာရာကာ့စ်၊ မေ ၁၇ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးပို့လိုက်သော တတိယအကြိမ်မြောက်တင်ပို့လိုက်သော ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ၆၄ တန်အား မေလ ၁၆ ရက်က လက်ခံရရှိခဲ့ကြောင်း ဗင်နီဇွဲလား တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အကူူအညီများသည် နိုင်ငံ၏ ကျန်းမာရေးစနစ်အတွက် အခြေခံကျပြီး မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ကာလော့စ် အယ်လ်ဗာရာဒို (Carlos Alvarado) က ဆိုင်မွန် ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားခဲ့သည်။ယင်းအကူအညီများသည် ဂိုဒေါင်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံဆေးရုံစနစ်မှတစ်ဆင့် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

တရုတ်နိုင်ငံနှင့် သဘောတူညီချက်များ မူဘောင်အရ ဆေးဘက်ဆိုင်ရာ အကူအညီများပါဝင်သော စတုတ္ထမြောက် လေယာဉ်မှာ လာမည့် ၁၅ ရက်အတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံမှ ပထမအကြိမ် ဆေးဘက်ဆိုင်ရာအကူအညီမှာ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ၆၅ တန်ပါရှိပြီး ဗင်နီဇွဲလားနိုင်ငံသို့ မတ်လက ရောက်ရှိလာခဲ့သည်။ ဒုတိယအကြိမ်မြောက် တင်ပို့လိုက်သော အကူအညီများတွင် ဆေးဘက်ဆိုင်ရာ အကူအညီ ၇၁ တန်ပါဝင်ပြီး မေလ ၁၃ ရက်က ဗင်နီဇွဲလားနိုင်ငံက လက်ခံရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117