ဘာလင်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန်-အီရန် နှစ်နိုင်ငံအကြား ဆက်ဆံရေး တင်းမာနေမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတကာအသိုက်အဝန်းက ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် (Angela Merkel)က ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကာရာကပ်စ်၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) လ့ူအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဗင်နီဇွဲလား သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇွန် ၂၁ ရက် ညပိုင်းက ကာရာကပ်စ်မြို့တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ဇွန်လ ၂၂ ရက်မှစ၍ တစ်နိုင်ငံလုံး အရေးပေါ်ကာလကို နောက်ထပ်တစ်လ တိုးမြင့်ကြောင်း သီရိလင်္ကာ သမ္မတ Maithripala Sirisenaက ယင်းနေ့တွင် ကြေညာခဲ့ကြောင်း သိရသည်။
ပြုံယမ်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်သည် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်ထံမှ ပေးပို့လာသော ပုဂ္ဂိုလ်ရေးပေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ယနေ့ဇွန် ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ ဇွန် ၂၇ ရက် မှ ၂၉ ရက်အထိ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပမည့် ၁၄ ကြိမ်မြောက် G20 ထိပ်သီးအစည်းကို တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လုခန်က ယနေ့ဇွန်...
ဖနွမ်းပင်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ဘက် Preah Sihanouk ပြည်နယ် တွင် ဆောက်လုပ်နေဆဲ ၇ထပ်အဆောက်အအုံတစ်လုံး ဇွန် ၂၂ ရက် အစောပိုင်းတွင် မတော်တဆပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ဝါရှင်တန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကာကွယ်ရေးဝန်ကြီးအဖြစ် ကြည်းတပ်ဆိုင်ရာအတွင်းဝန် မာ့ခ်အက်စ်ပါ (Mark Esper) အား အမည်စာရင်းတင်သွင်းမည်ဖြစ်ကြောင်း ယာယီကာကွယ်ရေးဝန်ကြီး ပတ်ထရစ် ရှန်နာဟန် (Shanahan) နုတ်ထွက်ပြီး သုံးရက်အကြာ ဇွန်လ ၂၁...
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ငွေကျပ် ၇၄,၇၁၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အိုအာဟူ (Oahu) ကျွန်းရှိ လေယာဉ်ကွင်းအနီး ဇွန်လ ၂၁ ရက်ညနေပိုင်းက အင်ဂျင်နှစ်လုံးတပ် လေထီးခုန်လေယာဉ်တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားခဲ့ကြောင်း ဒေသခံအာဏာပိုင်များက အတည်ပြုခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် ထံမှ သိရသည်။