မနီလာ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Yecho Hun Sen တို့သည် ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာ၌ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များ အစည်းအဝေးအတွင်း နိုဝင်ဘာလ ၁၃...
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် အီရန်နိုင်ငံတွင် အနည်းဆုံး လူ ၄၄၅ဦးသေဆုံးပြီး အခြားလူ ၇,၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိစေခဲ့သော ငလျင်ပြင်းလှုပ်ခတ်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ကို အီရန်နိုင်ငံသမ္မတ ဟက်ဆန်ရိုဟာနီထံ နိုဝင်ဘာ ၁၄ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ဗီယင်ကျန်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်သူ လာအိုနိုင်ငံ သမ္မတဟောင်း Choummaly Saygnasone တို့သည် နိုဝင်ဘာ ၁၃ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) အီရန်-အီရတ် နယ်စပ်ဧရိယာတွင် နိုဝင်ဘာ ၁၂ရက်က အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့်အတွက် အီရန်နိုင်ငံသား သေဆုံးမှုသည် ၄၄၅ဦးအထိ ကြောက်မက်ဖွယ်မြင့်တက်လာခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၁၃ ရက်တွင်ဖော်ပြခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ဒေသစံတော်ချိန် (၁၀း၀၀) နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Philippines International Convention Centre (PICC) ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး (အာဆီယံနိုင်ငံ အစိုးရအဖွဲ့ အကြီးအကဲများ၏ မျက်နှာစုံညီအစည်းအဝေး)သို့ တက်ရောက်ခဲ့ကြောင်း...
ဗီယန်ကျန်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ် နှင့် လာအို ဆိုရှယ်လစ်နှစ်နိုင်ငံ၏ ရှေးရိုးစဉ်လာမပျက်ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် လာအိုနိုင်ငံသို့ နိုဝင်ဘာ ၁၃ရက်တွင် နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရန်တင်ဒါတင်သွင်းသည့်ကုမ္ပဏီများ၏ အဆိုပြု လွှာများ ရွေးချယ်စိစစ်နေပြီး ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ဒီဇင်ဘာလအတွင်း တရားဝင်ကြေညာမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ဘောလုံးအသင်း တို့သည် နိုဝင်ဘာလ (၁၄) ရက် ဒေသစံတော်ချိန် ည (၈)နာရီ အချိန်၊ မြန်မာစံတော်ချိန် ည(၉) နာရီအချိန်တွင် အိန္ဒိယနိုင်ငံ ဂိုအာမြို့ ရှိအားကစားကွင်း တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း...
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် ပတ်သက်၍ ၎င်း၏ ခိုင်မာသောလိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၁၃ရက်တွင် တရုတ် နှင့် ဗီယက်နမ် ပူးတွဲထုတ်ပြန်သည့် ထုတ်ပြန်ချက်အရသိရသည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်နှင့် ဗီယက်နမ်တို့သည် ပင်လယ်ရေကြောင်းသွားလာမှုကိစ္စရပ်များနှင့် ပတ်သက်၍ မတူကွဲပြားမှုများကို သင့်လျော်စွာ စီမံခန့်ခွဲပြီး ထိန်းချုပ်လုပ်ဆောင်သွားသင့်ကြောင်း နှင့် ချိတ်ဆက်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားသင့်ကြောင်း နိုဝင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။