Connect with us

Eastern Europe

သမ္မတပူတင် နှင့် ခေါင်းဆောင်ကင်ဂျုံအန်တို့ ရုရှားနိုင်ငံ၌ ဧပြီ ၂၅ ရက်တွင် တွေ့ဆုံမည်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအန် နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြိ ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်တို့သည် ရုရှားနိုင်ငံအရှေ့ဖျားရှိ Vladivostok မြို့တွင် ဧပြီ ၂၅ ရက်တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Yuri Ushakov က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“ အဲဒီအစည်းအဝေးဟာ ရုရှားသမ္မတ နဲ့မြောက်ကိုရီးယားခေါင်းဆောင် တို့အကြား ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမှုဖြစ်ပါတယ်” ဟု Ushakov ၏ သတင်းသမားများအားပြောကြားချက်ကို RIA Novosti သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နှစ်ဖက်ကိုယ်စားလှယ်များအကြား နှင့် တရားဝင်တွေ့ဆုံဆွေးနွေးပွဲတစ်ခု မပြုလုပ်မီ ကိစ္စရပ်တစ်ခုချင်းစီနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Ushakov က ဆိုသည်။

ဆွေးနွေးပွဲတွင် ကိုရီးယားကျွန်းဆွယ်နျူကလီးယားအရေးကို နိုင်ငံရေး နှင့် သံတမန်ရေး နည်းလမ်းတစ်ခုဖြင့် အဖြေရှာရေးကို ဦးစားပေးအလေးထားသွားရန် ရှိသည်။

ရုရှားနိုင်ငံအနေဖြင့် ဖြစ်နိုင်သမျှနည်းလမ်းများကို အသုံးပြု၍ ကိုရီးယားကျွန်းဆွယ်တည်ငြိမ်ရေး ထိန်းသိမ်းမှုကို ကူညီသွားရန် ရည်ရွယ်ကြောင်း နှင့် “ ကိုရီးယားကျွန်းဆွယ်ပြဿနာများ အဖြေရှာရန် အစဉ်လိုက်သဘောတူညီချက်များ ရရှိအောင် ကြိုးပမ်းအားထုတ်သွားရေး နှင့် ခိုင်မာမှုများ ဖန်တီးရေး” အတွက် အခြားသက်ဆိုင်ရာ နိုင်ငံများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း Ushakov က ဆိုသည်။

ဆွေးနွေးပွဲတက်ရောက်လာသူများအနေဖြင့် မည်သည့်စာချုပ်စာတမ်းမျှ သဘောတူလက်မှတ်ရေးထိုးရန် နှင့် ပူးတွဲကြေညာချက်ထုတ်ပြန်သွားရန် အစီအစဉ် မရှိသေးကြောင်း Ushakov က ဆိုသည်။

ရုရှားနိုင်ငံသမ္မတပူတင်သည် ပေကျင်းမြို့တွင် ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်သို့တက်ရောက်စဉ် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် နှင့်တွေ့ဆုံသွားရန် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.