Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့ နွံကန်ကျိုးပေါက်မှုတွင် အလောင်း ၅လောင်းရှာဖွေတွေ့ရှိပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ကိုင်လျက်ရှိဟုဆို

ဖားကန့်၌ မြေစာပုံပြိုကျနေသော လုပ်ကွက်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဧပြီ ၂၂ ရက်ကနွံကန်

ကျိုးပေါက်ခဲ့ရာ ယနေ့ ဧပြီ ၂၄ ရက်ထိ အလောင်း ၅လောင်း ရှာဖွေတွေ့ရှိထားပြီး ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ကိုင်နေကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်မှူးက ဆင်ဟွာသို့ပြောကြားသည်။

” ဒီနေ့ ၂လောင်းထပ်ရှာတွေ့တယ်၊ စုစုပေါင်း ၅လောင်းရှာတွေ့ထားတယ်၊ ဆက်လက်လဲ ရှာဖွေနေတုန်းပါပဲ၊ ပျောက်ဆုံးစာရင်းကတော့ ၅၃ဦးရှိပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးကျေးရွာ အနီး၌ ဧပြီ ၂၂ရက် ည၁၁ နာရီခွဲခန့်က ယူနတီကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း နွံကန် ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ အဆိုပါနွံကန်အောက်ဘက်တွင် ကျောက်မျက် တူးဖော်ရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် မြန်မာသူရကုမ္ပဏီနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့မှ ဝန်ထမ်းများနှင့် စက်ယန္တရားများ ရွှံ့များအတွင်းမျောပါနစ်မြုပ် ပျောက်ဆုံး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထပ်မံပြီး ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလယန်မှော်ရွာအနီး၊ မော်မောင်းအကျိုးတူလုပ်ကွက်ရှိ ကချင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ (KNDPC) ဝင်းအတွင်း ဧပြီ ၂၃ရက် ည(၈)နာရီခွဲခန့်တွင် ကျောက်ရှာကွင်းအဖြစ် အသုံးပြုနေသော အလျားပေ (၁၅၀)ခန့်၊ အနံပေ(၁၀၀)ခန့်၊ အမြင့်ပေ(၆၀)ခန့်ရှိ စွန့်ပစ်မြေစာပုံဟောင်းသည် လုပ်ငန်းရပ်နားထားသည့် အောက်ဘက်ကျင်းအတွင်းသို့ လျှောကျမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း၊ကုမ္ပဏီပိုင်ဘက်ဟိုးယာဉ်(၂)စီး၊ မြေသယ်ယာဉ်(၂)စီးတို့လည်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူယနေ့နံနက်(၄)နာရီခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငိုးပင်း ကျေးရွာ၊ ငိုးပင်း-လုပ်ကွက်(၇) ဝမ်းဘရားသားကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ (၁၀၀) ခန့်မှ ကမ်းပါးပြိုကျမှုဖြစ်ပွားရာ ကုမ္ပဏီပိုင်ဘက်ဟိုး(၁)စီးနှင့် ဖောက်စက်(၁)စီး တို့မြေစာဖုံးဖိခဲ့ပြီး ဖောက်စက်ယာဉ်မောင်းဖြစ်သူ ဦးကိုကိုဆင့်(၃၅)နှစ်သည် မြေစာဖုံးအုပ်သေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.