Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပညာရှင်ပူးပေါင်းဆောင်ရွက်မှုကော်မတီတည်ထောင်မှုအား ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပညာရှင် ပူးပေါင်းဆောင်ရွက်မှုကော်မတီ တည်ထောင်မှု အခမ်းအနားကို ဧပြီ ၂၄ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းသဝဏ်လွှာတွင် သမ္မတရှီက ဖွံ့ဖြိုးရေးသမိုင်း၊ ယဉ်ကျေးမှုစည်ပင်ဝပြောရေးနှင့် လူသားများ၏တိုးတက်ရေးလမ်းစဉ်များသည် ရှေ့တန်းရောက်အတွေးအခေါ်များ၏ ဦးဆောင်လမ်းပြမှုနှင့် ကင်းကွာ၍ မရနိုင်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးသည် တရုတ်နိုင်ငံက အဆိုပြုသည့် ကမ္ဘာက ပိုင်ဆိုင်သည့် စီမံကိန်းဖြစ်ရာ ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှုကြောင့် အဆိုပါစီမံကိန်းကြီးမှာ ပွင်းလင်းစွာပေါင်းစည်းနိုင်သည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်နေကြောင်း၊ ပိုးလမ်မကြီး ဖော်ဆောင်မှုတွင် ပညာရှင်များသည် အဓိက အင်အားဖြစ်ရာ ပညာရှင် ပူးပေါင်းဖလှယ်မှုသည် အပြန်အလှန်ယုံကြည်မှုကို နက်နဲစေမည်ဖြစ်သလို အမြင်သဘောထားများလည်း တစ်စုတစ်စည်းတည်းဖြစ်စေရန် အထောက်အပံ့ဖြစ်စေပြီး ပိုးလမ်းမကြီး အတူဖော်ဆောင်မှု၏ ပိုမိုအရည်အသွေးမြင့်သောခြေလှမ်းများကို လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပညာရှင် ပူးပေါင်းဆောင်ရွက်မှုကော်မတီတည်ထောင်ခြင်းသည် နိုင်ငံအသီးသီးရှိ ပညာရှင်များ၏ တွေ့ဆုံဆွေးနွေးမှုများနှင့် စီမံချက်ပေါ်လစီများရေးဆွဲရာတွင် အရေးကြီးသည့် အထောက်အပံ့ပလက်ဖောင်း ဖြစ်ကြောင်း ၊ ကော်မတီအနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ ဖလှယ်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ အရည်အသွေးမြင့်သုတေသနကို တွန်းအားပေး ဆောင်ရွက်ပြီး ခေတ်သစ်ပိုးလမ်းမကြီး အတူဖော်ဆောင်ရေးနှင့် လူသားတို့၏ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အကျိုးဖော်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.