ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ) အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးအား မတ်လ ၅ ရက်တွင်လည်းကောင်း၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် ငွေကျပ် ၄၄၄ သိန်း တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။
လန်ဒန်၊ မတ် ၂ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံမှ နှစ်ပေါင်း ၅,၀၀၀ သက်တမ်းရှိသော မမ်မီရုပ်အလောင်း နှစ်ခုတွင် ကမ္ဘာ့ ရှေးအကျဆုံးဟု ထင်ရသည့် တက်တူးများအား သုတေသီများက တွေ့ရှိခဲ့ကြောင်း နောက်ဆုံး လေ့လာမှုတစ်ရပ် အရ သိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်နေပြီဖြစ်ရာ နောင်အနာဂတ်တွင် ကမ္ဘာ့အအေးဆုံးဒေသများအပြင် အာကာသတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အကြီးဆုံး ဒေသဆိုင်ရာ ကုန်စည်ပြပွဲဖြစ်သည့် ၂၈ ကြိမ်မြောက် East China Fair အား မတ်လ ၁ ရက်တွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျမှုကြောင့် ရေးမဆေးကျောက်ဝယ်သူ ၁ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။