Connect with us

Eastern Europe

ရုရှားဘောလ်တစ်စစ်ရေယာဉ်အုပ်စုက နေတိုးစစ်သင်္ဘောများကို လိုက်ပါစောင့်ကြည့်

၂ဝ၁၅ ခုနှစ်က နေတိုးစစ်သင်္ဘောများ ဘောလ်တစ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်စဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ဘောလ်တစ်စစ်ရေယာဉ်အုပ်စုသည် ဘောလ်တစ်ပင်လယ်ဒေသတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည့် နေတိုးစစ်မဟာမိတ်စာချုပ်(NATO)၏ စစ်သင်္ဘောများကို လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၁၇ ရက်က အမေရိကန်ဖျက်သင်္ဘော Gravely ၊ ဖရီးဂိတ်စစ်သင်္ဘောများဖြစ်ကြသည့် ပိုလန်မှ Kazimierz Pulaski ၊ တူရကီမှ Gokova နှင့် စပိန်မှ Almirante Juan deBourbon တို့သည် ဘောလ်တစ်ပင်လယ်ထဲသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားဘောလ်တစ်စစ်ရေယာဉ်အုပ်စုသည် ဖြစ်လာသမျှ အရေးပေါ်အခြေအနေကို တုန့်ပြန်ရန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု ၊ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ရေကြောင်းကင်းလှည့်လေယာဉ်များကို တိုက်ပွဲဝင်ရန် အသင့်အနေအထား တပ်လှန့်ထားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.