Connect with us

Social, Education & Health

တရုတ်တိုင်းရင်းဆေးစင်တာကို ချက်သမ္မတနိုင်ငံမြို့တော် ပရာ့ဂ်မြို့တွင် ဖွင့်လှစ်

ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပရာ့ဂ်၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-ချက် တရုတ်ရိုးရာ တိုင်းရင်းဆေးစင်တာ(TCM) ကို ချက်သမ္မတနိုင်ငံ မြို့တော်ဖြစ်သည့် ပရာ့ဂ်မြို့တွင် ဧပြီလ ၁၈ရက် တွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၎င်းစင်တာတွင် ပြပွဲခန်းမ၊ စာကြည့်တိုက်၊ စာသင်ခန်း နှင့် အကြံပေးခန်း တို့ ပါဝင်ပြီး အဓိကအားဖြင့် နိုင်ငံတွင်းတွင် TCM ၏ သင်ကြားရေး နှင့် မြှင့်တင်ရေး တို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ချက်သမ္မတနိုင်ငံမှာဆိုရင် ပြည်သူတွေရော အနောက်တိုင်းဆေးပညာဆရာဝင်တွေရော TCM ရဲ့ အကျိုးသက်ရောက်မှု ကို အခုထိအကျွမ်းတဝင်မရှိကြသေးဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အခုလို TCM စင်တာ ဖွင့်ပွဲကျင်းပတာကိုမြင်ရတဲ့အခါ အရမ်းဝမ်းသာမိပါတယ်’’ ဟု ချက်သမ္မတနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Roman Prymula က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ချက်ပြည်သူတွေအနေနဲ့ TCM အကြောင်းကို သိလာလိမ့်မယ်လို့ ကျွန်တော်လေးလေးနက်နက်ယုံကြည်ပါ တယ်’’ ဟုဆိုသည်။

TCM က တရုတ်နိုင်ငံမှဖြစ်ပြီး လူသားအားလုံး အတွက်ဖြစ်ကြောင်း တရုတ်ပြည်သူများအတွက် သာမဟုတ်ကြောင်း၊ ချက်နိုင်ငံပြည်သူများအပါအဝင် တစ်ကမ္ဘာလုံးက ပြည်သူတွေအတွက် ဖြစ်ကြောင်း၊ချက်သမ္မတနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အဖွင့်မိန့်ခွန်းတွင်ပြောကြားခဲ့သည်။

၎င်းစင်တာ ဖွင့်လှစ်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများအကြားတွင် ပေါင်းကူးတစ်တားတစ်စင်းသဖွယ် အကူအညီပေးနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.