Connect with us

Economy

လာမည့်သီတင်းပတ်တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်၌ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောမည်

ပထမအကြိမ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် (BRF) ၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့၌ ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ် (BRF) ၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဧပြီလ ၁၉ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ဖိုရမ်၏ ထိပ်သီးဆွေးနွေးပွဲများသို့ နိုင်ငံ ၃၇ နိုင်ငံမှ နိုင်ငံအကြီးအကဲများနှင့် အစိုးရခေါင်းဆောင်များ တက်ရောက်ကြမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဝမ်က ပြောခဲ့သည်။ (Xinhua)