Connect with us

Europe

တူရကီ နိုင်ငံက F-35 ဂျက်တိုက်လေယာဉ် အစီအစဉ်၏ နည်းပညာ လက်တွဲဖက် အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြား

F-35 ဂျက်တိုက်လေယာဉ် တစ်စင်းအား တွေ့ ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

တူရကီ နိုင်ငံက အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်သူ ဖြစ်ရုံသာမက ထုတ်လုပ်မှု အစီ အစဉ်၏ နည်းပညာ လက်တွဲဖက်လည်း ဖြစ်ကြောင်း တူရကီ နိုင်ငံ သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ Ibrahim Kalin က ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့က F-35 ဂျက်တိုက်လေယာဉ် သုံးစွဲသူ သို့မဟုတ် ဝယ်ယူသူ ဖြစ်ရုံသာမက တူရကီ နိုင်ငံက F-35 နည်းပညာ လက်တွဲဖက် အဖြစ် ဆက်လက် ရှိနေမှာ ဖြစ်ပါတယ်။”ဟု Kalin က မြို့တော် အန်ကာရာ၌ ပြုလုပ်သော အစိုးရ အစည်းအဝေး အပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

တူရကီ နိုင်ငံသည် အမေရိကန် နိုင်ငံထုတ် F-35 နိုင်ငံတကာ အစီအစဉ်တွင် ပူးပေါင်းပါဝင်သူ တစ်ဦး ဖြစ်သော် လည်း အဆင့်မြင့် ရုရှား နိုင်ငံထုတ် S-400 မြေပြင်မှ ဝေဟင်ပစ် ဒုံးပျံစနစ်အား ဝယ်ယူရန် ဆုံးဖြတ် ခဲ့ခြင်း ကြောင့် အမေရိကန် နှင့် တူရကီ နိုင်ငံ တို့၏ ဆက်ဆံရေးသည် တင်းမာလျက် ရှိပြီး တူရကီ နိုင်ငံက S-400 ဝယ်ယူမှုကို မစွန့်လွှတ်ပါက F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမှုအား ရပ်ဆိုင်းထားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အပတ်က တူရကီ နိုင်ငံ သမ္မတ Recep Tayyip Erdogan က S-400 လေကြောင်း ကာကွယ်ရေး စနစ်ကို ဝယ်ယူခြင်းသည် အမျိုးသား လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်ချက် တစ်ရပ်သာ ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့ပြီး အမေရိကန်၏ F-35 ဂျက်တိုက်လေယာဉ်များ ရောင်းချမှုအား ရပ်ဆိုင်းခြင်းအား ဝေဖန်ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.