စရီနာဂါ၊ ကက်ရှ်မီးယား၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် အင်အားအနည်းငယ်ရှိသော ငလျင် တစ်ခု ယနေ့ (စက်တင်ဘာလ ၂၃ ရက်) တွင် လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။
ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖာ်ဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။
QALA-E-NAW ၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း Badghis ပြည်နယ်တွင် တာလီဘန် စစ်သွေးကြွများထံ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ပေးခဲ့သော အမျိုးသား တစ်ဦးအား အာဖဂန် လုံခြုံရေးညွှန်ကြားမှုဦးစီးဋ္ဌာန (NDS) သို့မဟုတ် ထောက်လှမ်းရေးအေဂျင်စီက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စတန်ပြည်နယ်တွင် လမ်း မတော်တဆမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) တူရကီ ကမ်းရိုးတန်းပြင်ပ ပင်လယ်နက်အတွင်း ဒုက္ခသည်များ လိုက်ပါလာသော လှေတစ်စီး စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းက နစ်မြုပ်မှုကြောင့် အနည်းဆုံး ဒုက္ခသည် ၄ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း တူရကီ...
ဘန်ကောက်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဘုရင်ဟောင်း ဘူမိဘော အဒူလျာဒတ်၏ တော်ဝင် မီးသဂြိုလ်ခြင်း အခမ်းအနား ပြင်ဆင်ရေး အတွက် လာမည့်လ တစ်လလုံး Grand Palace အတွင်း ကြည့်ရှုခွင့်ကို ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုလွှာမူကြမ်း တင်သွင်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ ပဲတင်သွင်းမှုကို ၅ – ၈ – ၂၀၁၇ တွင် ကန့်သတ်လိုက်ခြင်းကြောင့် ပြည်တွင်း လက်ကျန်ပဲများအား အိန္ဒိယနိုင်ငံသို့ ဆက်လက် တင်ပို့နိုင်ရန် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တောင်သူများ၊ ကုန်သည် လုပ်ငန်းရှင်များ ပါဝင်သော...
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့ ၏ မြောက်-အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ကွာလာလမ်ပူ၊ စက်တင်ဘာလ ၂၂ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်အကြာက ဘာသာရေး စာသင်ကျောင်း တစ်ကျောင်း မီးလောင်မှုသည် တမင်သက်သက် ကြံစည်မှုကြောင့် ဖြစ်ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဋ္ဌာနက စက်တင်ဘာလ ၂၁ ရက်တွင် ပြောကြားလိုက်သည်။