Connect with us

Asia

ပါကစ္စတန် အနောက်တောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ဦး ဒဏ်ရာရရှိ

ပါကစ္စတန်တွင် ယခင်ကဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့ တွင် မတ် ၁၁ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့ဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဒုတိယ စစ်ဆေးရေးအရာရှိချုပ် Quetta Abdul Razzaq Cheema က ရဲကားတစ်စီးသည် Balochistan ပြည်နယ် မြို့တော် Quetta မြို့၏ Mian Ghundi ဧရိယာ ၌ လုံခြုံရေးလှည့်လည်နေစဉ် ဗုံးဖောက်ခွဲမှု နှင့် ကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူများကို မြို့အတွင်းရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆေးရုံတာဝန်ရှိသူတစ်ဦး က ယာဉ်မောင်းအပါအဝင် ဒဏ်ရာရရှိသူ ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။

ဗုံးပေါက်ကွဲသံအား မိုင်များစွာ အဝေးကပင် ကြားနိုင်ပြီး အဆိုပါယာဉ်မှာ လုံးဝ ပျက်စီးသွားခဲ့ကြောင်း၊ ဖောက်ခွဲရေးပစ္စည်းတစ်ခုအား မော်တော်ဆိုင်ကယ်တွင် တပ်ဆင်ထားပြီး အဝေးထိန်းကိရိယာတစ်ခု နှင့် ထိန်းချုပ်ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်းဖောက်ခွဲမှုအား မည်သည့်အဖွဲ့ကပြုလုပ်ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.