Connect with us

Africa & Middle East

အီရတ်-အီရန် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လုပ်ဆောင်

အီရန် သမ္မတ Rouhani နှင့် အီရတ် ၀န်ကြီးချုပ်Abdul Mahdiအား တွေ့ရစဉ် (ဓာတ်ပုံ -အင်တာနက်)

ဘဂ္ဂဒက်၊ မတ် ၁၂ ရက်(ဆင်ဟွာ)

အီရတ် ဝန်ကြီးချုပ ်Abdul Mahdi သည် မတ် ၁၁ ရက်တွင် အီရတ်သို့လာရောက်လည်ပတ်သည့် အီရန် သမ္မတ Rouhani နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအပြီးတွင် ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အကြမ်းဖက်ဆန့်ကျင်ရေး၊ ရေနံ၊ လယ်ယာစိုက်ပျိုးရေး ၊ လမ်းပန်း ဆက်သွယ်ရေး ၊ ဆေးဝါးကုသရေးနှင့်စက်မှုလုပ်ငန်း စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု များကို ဆွေးနွေးခဲ့ကြကြောင်း အီရတ်နိုင်ငံ ဝန်ကြီးချုပ် သတင်းပြန်ကြားရေးရုံးမှ မတ် ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံအကြား နားလည်မှုစာခွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြရာ ရေနံ၊ ကုန်သွယ်ရေးနှင့် ဆေးဝါကုသရေးစသည့် ကဏ္ဍများပါဝင်သလို အီရတ်နိုင်ငံ တောင်ပိုင်း Basraမြို့နှင့် အီရန်နိုင်ငံ နယ်စပ် halamjah မြို့သို့ ဆက်သွယ်သည့် ရထားသံလမ်း တည်ဆောက်မှုလည်း ပါဝင်ကြောင်း သိရသည်။

အီရန် သမ္မတ Rouhaniသည် မတ် ၁၁ ရက်တွင် ဘဂ္ဂဒက်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လည်ပတ်ရေး ခရီးစဉ်သည် ၃ ရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်မှာ Rouhani ၂၀၁၃ ခုနှစ် အီရန်သမ္မတရာထူးကို စတင်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် အီရတ်သို့လာရောက်လည်ပတ်ခြင်းဖြစ်သည်။

အီရတ်နှင့်အီရန် အကြားတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုစသည့်ကဏ္ဍများတွင် နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ၊ အမေရိကန်၏ အီရန်အပေါ်ပိတ်ဆို့မှုများ ပြန်လည်ဆောင်ရွက်ပြီး ၄ လကျော် ကြာကာလတွင် အီရတ်နှင့်အီရန်အကြား ကုန်သွယ်စီးပွားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ခြင်းသည် အီရန်ရင်ဆိုင်နေရသည့် စီးပွားရေးဖိအားကို လျော့နည်းသက်သာ စေမည် ဖြစ်ကြောင်း သုံးသပ်သူ အချို့က ယူဆကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.