Connect with us

Education & Health

အာဖရိကဝက် အပြင်းဖျားရောဂါ မြန်မာနိုင်ငံ သို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်မှုများ အားဆောင်ရွက်လျက်ရှိ

ဝက်မွေးမြူရေးတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အာဖရိကဝက် အပြင်းဖျားရောဂါ (African Swine Fever-ASF) မြန်မာနိုင်ငံ သို့ ရောဂါကူးစက်ဝင်ရောက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်မှုများ အားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးမှုမြင့်မားကြောင်း၊ ရောဂါဖြင့်သေဆုံးသည့် အိမ်မွေးဝက်နှင့် တောဝက်မှ တစ်ဆင့် ကူးစက်ခြင်း၊ ရောဂါပိုးပါသည့်ဝက်နှင့် ဝက်ထွက် ပစ္စည်း၊ ၎င်းတို့နှင့် ထိစပ်သောပတ်ဝန်းကျင်မှတစ်ဆင့် ကူးစက်ခံရခြင်းနှင့် မွှားကောင် များမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။

ရောဂါဖြစ်ပွားပါက ကာကွယ်ဆေးနှင့် ကုသဆေးမရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမရှိသေးသော်လည်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နယ်စပ်ဒေသများရှိ Check Point များတွင် ဝက်နှင့်ဝက်ထွက် ပစ္စည်းများ တရားမဝင်တင်သွင်းမှုများကို စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ ဝက်နှင့်ဝက်ထွက် ပစ္စည်းများ တရားမဝင်ဝင်ရောက်မှု တားဆီး၊ ပိတ်ပင်၊ ကန့်သတ်သည့် သတိပေးပိုစတာများ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လေဆိပ်ပူးပေါင်းညှိနှိုင်းရေးကော်မတီ အနေဖြင့်လည်း အာဖရိကဝက်အပြင်းဖျားရောဂါဖြစ်ပွားနေသော နိုင်ငံများမှ ဝက်အရှင် နှင့် ဝက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း နှင့် အခြားဝက်ထွက်ပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ပေါက်များ နှင့် လေဆိပ်/ရေဆိပ် များမှတစ်ဆင့် သယ်ယူခြင်း၊ ဝယ်ယူခြင်း နှင့် ရောင်းချခြင်း များ မပြုလုပ်ရန် ယာယီတားဆီးပိတ်ပင် ထားကြောင်း လေဆိပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အာဖရိက ဝက်အပြင်းဖျားရောဂါသည် လူသို့ ကူးစက်မှု မရှိသော်လည်း ရောဂါ ကျရောက်ဖြစ်ပွားပါက ဝက်မွေးမြူ ထုတ်လုပ်မှု လုပ်ငန်းကို ကြီးမားစွာ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေနိုင်သဖြင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုမြှင့်တင်ရန် အထူးလိုအပ်ကြောင်း သိရသည်။

ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံရေးကို တင်းကျပ်စွာ စီမံဆောင်ရွက်ရန်၊ ပိုးသတ်ဆေးဖျန်းခြင်း စနစ်တကျ ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊ ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ရောဂါဖြင့်သေဆုံးသည့် ဝက်သားနှင့်ဝက်ထွက်ပစ္စည်းများ၊ အေးခဲအသား များ၊ ဆားနယ်အသားများ၊ အခြောက်ခံထားသည့် အသားများ၊ စားကြွင်း စားကျန်များတွင် ကာလကြာရှည်စွာ အသက်ရှင်နိုင်သဖြင့် ပြင်ပမှ တင်သွင်းလာသည့် ဝက်နှင့်ဝက်ထွက် စားသောက်ကုန်များ ရှောင်ကြဉ်ရန်၊ သံသယဖြစ်ဖွယ်ရောဂါဖြစ်ပွားမှုတွေ့ရှိလျှင် နီးစပ်ရာအုပ်ချုပ်ရေး အဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.