ပါရီ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) Brexit အချိန် ဗြိတိန်ရွှေ့ဆိုင်းရန် ဆုံးဖြတ်မည်ဆိုပါက စဉ်းစားပေးမည်ဟု ပြင်သစ် သမ္မတ မိုက်ခရွန် နှင့် ဂျာမနီ ဝန်ကြီးချုပ်အန်ဂျလာမာကဲ က ဖေဖော်ဝါရီ ၂၇ တွင် ပါရီမြို့၌ ပြောကြားခဲ့ ကြောင်း သိရ သည်။
ဒိုဟာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ ၏ ၂၀၁၉ ခုနှစ်ဘတ်ဂျက်အတွက် စုစုပေါင်း ကာတာသုံးငွေရွိုင်ရယ်၇၃ သန်း (အမေရိကန်ဒေါ်လာ ၂၀.၅ သန်း) ကို ကာတာနိုင်ငံ မှထောက်ပံ့ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကာတာနိုင်ငံက ဆုံးဖြတ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်း သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်တွင် ယာဉ်လေးစီးအား မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ဒါကာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဖေဖော်ဝါရီလ ၂၈ ရက်သို့အကူး အစောပိုင်းက မီးလောင်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။
ရီယိုဒီဂျနရို၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီ ၁ရက်မှ ဖေဖော်ဝါရီ ၂ရက်ထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားကြောင်း၊သံသယရှိသူ အရေအတွက်သည် ၅၄,၇၇၇ဦး ရှိခဲ့ရာ ယခင်နှစ်ကထက် ရာခိုင်နှုန်းအားဖြင့် ၁၄၉ ရာခိုင်နှုန်း တိုးတက်ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ ရောဂါသည် လူတစ်သောင်းတွင် ၂.၆၃ယောက်ဖြစ်ပွားလျက်ရှိကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၌ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။