Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်

မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပစဉ်(လူကယ်ပြန်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

မသန်စွမ်းသူများအတွက် ပိုမိုထိရောက်သော ထောက်ပံ့မှုများနှင့် ပညာရေး၊ ကျန်းမားရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့် အခွင့်အရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန် မသန်စွမ်း အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စာရင်းဇယားများ တိတိကျကျရရှိရန် အရေးကြီးကြောင်း ၎င်းက ဆိုသည်။

မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို ကနဦး အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် စမ်းသပ် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ ယနေ့မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်း သူများ မှတ်ပုံတင်ခြင်းအစည်းအဝေးသည် မသန်စွမ်းသူများ၏ အခွင့်အရေးကိုဖေါ်ဆောင်ရာတွင် အရေးကြီးသည့် အစိတ်အပိုင်းကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးမှုများတွင် နိုင်ငံတကာ၏အတွေ့အကြုံများကို လေ့လာပြီးသူများ၊ ကျွမ်းကျင်ပညာရှင်များ ပါဝင်ကြမည် ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ထိထိရောက်ရောက် အကောင်အထည် ဖေါ်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရီဟိုတယ်၌ကျင်းပခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117