ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်အတွင်း ကျပ် သိန်း ၃၀၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ကာရာကပ်စ်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒို(Juan Guaido)သည် ၎င်း၏ ဘဏ္ဍာရေးမှတ်တမ်းများ မဟုတ်မမှန်ပြသမှုအား စစ်ဆေးပြီးနောက်ပိုင်း အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ကို ၁၅ နှစ် ရပ်ဆိုင်းလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံ၏ ငွေကြေးဆိုင်ရာ အထွေထွေအရာရှိချုပ် Elvis Amoroso က မတ် ၂၈...
ရီယိုဒီဂျနေးရိုး၊ မတ် ၂၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတဟောင်း မစ်ချယ် တီမာ (Michel Temer) သည် အကျင့်ပျက်ခြစားမှုတစ်ခု စုံစမ်းစစ်ဆေးရာ၌ အဖမ်းခံရပြီး တစ်ပတ်အကြာတွင် ဒုတိယမြောက်အမှုတစ်ခုအတွက် မတ်လ ၂၈ ရက်တွင် စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။
ကာရာကာ့စ် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ၏ အမျိုးသား လျှပ်စစ် ဓာတ်အား စနစ်အား ယခုလအတွင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း အဆင့် အသစ် တစ်ခုအား စတင်ခဲ့ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေး ဝန်ကြီး Jorge Rodriguez က...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် မတ် ၂၈ ရက် နံနက်ပိုင်းက အစာအဆိပ်သင့်ပြီး လူ ၁၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ နန်းနန်းဘွန်းကျောက်ရွှေဆိုင်အား ယနေ့ နံနက် ၇နာရီ ခွဲက ဓားပြတိုက်ခဲ့ရာ ငွေကျပ်သိန်း ၂၉၀၀ ခန့်တန်ဖိုးရှိ ရွှေထည်မျိုးစုံ စိန်ထည်ပစ္စည်းများနှင့် ထိုင်းဘတ်ငွေများကို ဓားပြတိုက်သူများက ယူဆောင်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နေပြည်တော်၊ မတ်လ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံ သတ်မှတ်ရေး အဖွဲ့(NSSA:_ National Skills Standards Authoruty) သည် ၎င်း၏ Quality Management System လုပ်ငန်းစဉ်အတွက် ISO 9001 : 2015 ကို ရရှိခဲ့ရာ...
ဘန်ကောက်၊ မတ် ၂၉ ရက် (ဆင်ဟွာ) China Mobile International (CMI) နှင့် ထိုင်းနိုင်ငံ မိုဘိုင်းလုပ်ငန်း TrueMove H တို့က ထိုင်းနှင့် တရုတ် ဖုန်းနံပါတ်များ ပေါင်းစပ်ထည့်သွင်းထားသော ပထမဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှု CMLink TrueMove H Thailand...
ဗလာဒီဗော့စတော့၊ ရုရှား၊ မတ် ၂၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ဖျား ကမ်ချတ်တာကျွန်းဆွယ် ကမ်းရိုးတန်းတွင် ပမာဏ ၆.၃ ရှိသော အင်အားပြင်း ငလျင်တစ်ခုလှုပ်ရှားသွားကြောင်း အာဏာပိုင်များက မတ်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းလှ မြို့နယ်၊ ထန်းကိုင်းဒေသရေနံမြေရှိ ရေနံမှော်အတွင်း ရေနံခပ်စဉ် ရေနံခွက်နှင့် သံကတော့ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။