Connect with us

Education & Health

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအားရှောင်တခင်စစ်ဆေး

သောက်ရေသန့်လုပ်ငန်းတစ်ခုအားစစ်ဆေးနေစဉ် (ဓာတ်ပုံ-- အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်း များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် မှ ရှောင်တခင်စစ်ဆေးခဲ့ ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်း သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၆ ရက် ရက်နေ့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ အင်းစိန်မြို့ နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိပါသဖြင့် အကြီးစားပြု ပြင်ရန်နှင့် ယာယီရပ်ဆိုင်း ပိတ်သိမ်းအရေးယူခဲ့ပြီး GMPနှင့်အညီ ပြန်လည်ပြု ပြင်ရန်၊ ပြု ပြင်ဆောင်ရွက်နေစဉ်အတွင်း ဖြန့်ဖြူးထုတ်လုပ်ရောင်းချခြင်းမပြု ရန် ညွန်ကြားခဲ့ပါကြောင်း နှင့် လိုက်နာမှုမရှိပါက အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်အား ပြန်လည်ရုပ်သိမ်းသွားမည်ကို သိရှိပါကြောင်း လုပ်ငန်းများအား ခံဝန်ကတိရေးထိုး အရေးယူခဲ့ကြောင်း သိရသည်။၂၀၁၉ခုနှစ်အတွင်း တစ်လလျှင် (၄)မြို့နယ်အထိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင် ကွင်းဆင်းစစ်ဆေး အရေးယူမှုများ ဆက်လုပ်သွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.