Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၌ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးမှုဖြစ်ပွား

ကျောက်ဆည်မြို့အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ၌ အိမ်သာကျင်းဆယ်ယူရာမှ အမျိုးသား ၅ ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၂၀း၀၀ နာရီ တွင် ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ရပ်ကွက်နေ ဦးသိန်းထွန်းဦး(၄၅)နှစ်၏နေအိမ်၌ ကျောက်ဆည်မြို့၊ အင်တိုင်းရပ်ကွက်နေ ဦးကိုနီ (ခ)တင်အေး(၄၂)နှစ် ဗမာ/ဗုဒ္ဓ ကျပန်း (ဖ)ဦးဝဲကျော်ပါကျား ၅ ဦးတို့သည် အကျယ် ၁၀ ပေ ပတ်လည် အနက် ၁၀ ပေခန့်ရှိ ရေလောင်းအိမ်သာ ကျင်းအတွင်းသို့ဆင်း၍ မိလ္လာဆယ်ယူနေစဉ် အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း သိရသည်။

သတင်းအရ ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်ဆယ်ယူစစ်ဆေးခဲ့ရာ ၎င်းတို့ ၅ ဦးမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ၀၃း၁၅ နာရီ တွင် ဦးကိုနီ(ခ)တင်အေးပါ၅ ဦး သေဆုံးမှုအား ကျောက်ဆည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၉)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.