Connect with us

Politics, Law & Military

ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်တွင် မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး ကျဆုံး

ပစ်ခတ်ခံရသော ယာဉ်အားတွေ့ရစဉ်(ရဲဇာနည်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်-စစ်တွေကားလမ်းမကြီးပေါ်တွင် ယာဉ်လေးစီးအား မိုင်းထောင်ဖောက်ခွဲခံရပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦး ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

သံတွဲမြို့နယ်မှ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့ပြန်လည်အပ်နှံလွှဲပြောင်း ရန် သွားရောက်သည့်ရဲတပ်ဖွဲ့ပိုင် Double Cab မော်တော်ယာဉ် ၃ စီးနှင့် သံတွဲမြို့တွင် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီးတရားမဝင်တင်သွင်းလာသောအထောက်အထားမဲ့ ယာဉ်ဟုယူဆရသဖြင့် စစ်တွေမြို့၊ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယာဉ်လိုင်စင်စစ်ဆေးနိုင်ရေးပို့ဆောင်သည့် Mark IIအဖြူရောင်ယာဉ် ၁ စီး၊ စုစုပေါင်း ၄ စီးအားရဲတပ်ဖွဲ့ဝင် ၄ ဦးမှ မောင်းနှင်၍စစ်တွေမြို့သို့ ထွက်ခွာလာစဉ် မိုင်းထောင်ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်များအား ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ပန်းနီလာကျေးရွာကြားရန်ကုန် စစ်တွေကားလမ်းမိုင်တိုင်အမှတ်(၁၆၅)အနီးအရောက် AA သောင်းကျန်းသူအဖွဲ့မှ ယာဉ်များကိုမိုင်းဖောက်ခွဲ၍ယာဉ်များရပ်တန့်သွားစဉ် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် ယာဉ်မောင်းနှင်သည့်ရဲတပ်ဖွဲ့ဝင် ၂ ဦးလက်နက်ငယ် ကျည်ဆံထိမှန်၍အခင်းဖြစ်နေရာတွင် ကျဆုံးပြီးကျန် ၂ ဦးမှာအသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.