ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး တွင် ဟိုတယ် (၁၅၉၀) လုံးအား လုပ်ငန်းလိုင်စင် ခွင့်ပြုပေးခဲ့ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ဆိုးလ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) လာမည့် အပတ်တွင် အကြီးတန်းအဆင့် နှစ်နိုင်ငံ အစိုးရစကားဝိုင်း ကျင်းပရန် တောင်ကိုရီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံက လက်ခံခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ် ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် တွင် ဇန်နဝါရီ ၄ ရက်နေ့၌ အသေခံ ဗုံးဖောက်ခွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဇန်နဝါရီ ၄ ရက် ညနေ ၃ နာရီခွဲ ခန့်က ကျောက်စိမ်းလုပ်ကွက် မြေစာပုံအဟောင်းပြိုကျရာမှ ရေမဆေးကျောက် ရှာဖွေသူ အမျိုးသားခြောက်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ် ၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံရှိ နှစ်ပေါင်း ၄၀၀ နီးပါးရှိပြီဖြစ်သော နိုင်ငံ၏အံ့ဖွယ်ရတနာ တာ့ဂျ်မဟာ (Taj Mahal) အား ထိန်းသိမ်းကာကွယ်ရန်အတွက် နေ့စဉ် ဝင်ရောက်သည့် ဧည့်သည်ပေါင်း ၄၀,၀၀၀ အထိနှင့် ဧည့်သည်တစ်ဦးစီ၏ ဝင်ရောက်လေ့လာမှုတိုင်း ကြာမြင့်ချိန်အား သုံးနာရီထိသာ သတ်မှတ်ထားရှိရန် စီစဉ်နေကြောင်း...
ဆန်ဖရန်စစ္စကို၊ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စ၍ဆေးခြောက်ကို တရားဝင်စိုက်ပျိုးရောင်းချခွင့်ပြုခဲ့ပြီးနောက် ကမ္ဘာ့လက်ဝှေ့အကျော်အမော်ဟောင်း မိုက်တိုင်ဆန်က ကယ်လီဖိုးနီးယားတောင်ပိုင်းတွင်၎င်း၏ ပထမဆုံး ဆေးခြောက်ပင်စိုက်ပျိုးရေးခြံကို ဖွင့်လှစ်ရန်ရှိနေကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဖနွမ်းပင်မြို့တွင် ပြုလုပ်မည့် ချစ်ကြည်ရေးခရီးစဉ်နှင့် လန်ချန်း-မဲခေါင် (LMC) ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီလ ၁၀ ရက်မှ ၁၁ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်တွင် ငွေကျပ် ၄,၈၃၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရောမ၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဂျာမန်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ အသက် ၁၁ နှစ်အရွယ် သမီးငယ်တို့သည် အီတလီနိုင်ငံ မြောက်ပိုင်းနှင့် သြစတြီးယားနိုင်ငံတို့ နယ်စပ်ဖြစ်သော Trentino-Alto Adige ဒေသတွင် စကိတ်စီးနေစဉ် နှင်းထုပြိုကျကာ သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဇန်နဝါရီလ ၃...