Connect with us

Africa & Middle East

အီတလီ၊အီးယူတို့နှင့် ထိရောက်သော ဆက်ဆံရေးထူထောင်ရန် စိတ်အားထက်သန်ဟု အီရတ် သမ္မတ ပြောကြား

အီရတ် သမ္မတနှင့် အီတလီ ၀န်ကြီးချုပ် Giuseppe Conteတို့ တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ဘက်ဂဒက်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အီတလီ၊အီးယူတို့နှင့် ထိရောက်သော ဆက်ဆံရေးများ ထူထောင်ရန် စိတ်အားထက်သန်ကြောင်း အီရတ် သမ္မတ Barham Salihက ဖေဖော်ဝါရီ ၆ရက်က ပြောကြားခဲ့သည်။

ဘက်ဂဒက်သို့ အလည်အပတ်ရောက်ရှိနေသော အီတလီ ဝန်ကြီးချုပ် Giuseppe Conteနှင့် တွေ့ဆုံဆွေးနွေးစဉ် အီရတ် သမ္မတက အီတလီနှင့် ဆက်ဆံရေး တိုးတက်ခိုင်မာစေရန် အရေးကြီးကြောင်းနှင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် စိတ်အားထက်သန်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့ကြောင်း အီရတ်သမ္မတ၏ သတင်းထုတ်ပြန်ရေး ရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အီရတ်-ပြင်သစ်နှစ်နိုင်ငံကြား ဆက်ဆံရေး ဖွံ့ဖြိုးမှုနှင့် အဆင့်မြင့်လာမှုက နှစ်နိုင်ငံပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျိုးကျေးဇူးကို တိုးတက်စေမည်ဟု Salihကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် အီတလီနိုင်ငံ၏ ကမ္ဘာလုံးတစ်ဝန်း IS စစ်သွေးကြွများအား တိုက်ထုတ်ရန် ပါဝင်မှု၊ အီရတ် လုံခြုံရေးတပ်ဖွဲ့များကို ကူညီမှုနှင့် အီရတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများစွာအား ပူးပေါင်းဆောင်ရွက်မှုတို့ကို ကျေးဇူးတင်ကြောင်းလည်း ဖော်ပြထားသည်။

အီတလီဝန်ကြီးချုပ် Contကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆန္ဒရှိပြီး အကြမ်းဖက်မှုများအား ချေမှုန်းရာတွင် အီတလီနိုင်ငံက ထောက်ပံ့သွားမည်ဟူ ထပ်လောင်း ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရတ်နိုင်ငံ ဘက်ဂဒတ်မြို့တော်သို့ ဇန်နဝါရီ ၆ ရက်တွင် အီတလီဝန်ကြီးချုပ်သည် ပထမဆုံးအကြိမ် တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး အီရတ်ဝန်ကြီးချုပ် Adel Abdul Mahdiက လက်ခံကြိုဆိုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.