Connect with us

Politics, Law & Military

တရားသူကြီး၊ အမှုသည်နှင့် သက်သေများ ကျမ်းကျိန်ရေး အဆို အတည်ပြု

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း အစည်းအဝေး ခန်းမမှ ပြန်လည် ထွက်ခွာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာကို တိကျ လေးနက်စွာကျိန်ရေး အဆိုကို အမျိုးသား လွှတ်တော် ယနေ့ အစည်းအဝေးက ဆွေးနွေးခြင်း၊ လွှတ်တော်၏ သဘောထား ရယူခြင်းတို့ ဆောင်ရွက်ပြီး အတည်ပြုခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုး တင်သွင်းခဲ့သည့် “ပြည်သူများ ယုံကြည် ကိုးစား အားထားပြီး ဖြောင့်မတ် မှန်ကန် မျှတသည့် တရား စီရင်ရေး ဖြစ်ထွန်း စေရန် တရားသူကြီး၊ အမှုသည်နှင့် သက်သေများ တရားခွင်တွင် ကျမ်းသစ္စာ ကို တိကျ လေးနက်စွာ ကျမ်းသစ္စာ ကျိန်ဆိုရေး” အဆိုကို အမျိုးသား လွှတ်တော်တွင် ကိုယ်စားလှယ် ၁၄ ဦးတို့က ဖေဖော်ဝါရီ ၇ ရက်နှင့် ယနေ့ ၈ ရက်၊ နှစ်ရက် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဝင်က အဆိုအား မှတ်တမ်းတင်ပေးရန် လွှတ်တော်သို့ ရှင်းလင်း တင်ပြ အပြီးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က တရားသူကြီးများ အဖြစ် ခန့်အပ် တာဝန်ပေးအပ်ခံခြင်းရသည့်အခါ ကျမ်းသစ္စာ ကျိန်ဆိုကြရကြောင်း၊ ပြည်ထောင်စု လွှတ်တော်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်များ၏ ဥက္ကဋ္ဌများ ရှေ့မှောက်တွင်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်း ဒေသကြီးနှင့် တရားလွှတ်တော် တရားသူကြီးချုပ်များ၏ ရှေ့မှောက်တွင်လည်း ကောင်း ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြရပါကြောင်း၊ တရားလွှတ်တော် ရှေ့နေများသည်လည်း အလားတူ ကျိန်ဆိုခဲ့ကြပြီး ဖြစ်ကြောင်း၊ ထိုသို့ ကျိန်ဆိုခြင်းမှာ သက်တမ်း တစ်ခုလုံးကို အကျုံးဝင်ပါကြောင်း၊ ထို့ကြောင့် နေ့စဉ် တရားခွင်များတွင် ထပ်မံ ကျိန်ဆိုရန် မလိုအပ်ပါကြောင်း၊၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အလားတူ အဆို တင်သွင်း ဆွေးနွေးခဲ့ပြီး ထိုအဆိုကို လွှတ်တော်က မှတ်တမ်းတင်ခဲ့ ကြောင်း၊ သို့ပါ၍ ယခု အဆိုအားလည်း လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းတင်ခြင်းသာ ဆောင်ရွက်ပေးပါရန် တင်ပြပါကြောင်း ပြောကြားခဲ့သည်။သို့ရာတွင် အဆိုရှင် ဦးစိုးမိုး၏ ဆန္ဒအရ လွှတ်တော်၏ သဘောထားကို ဆန္ဒမဲဖြင့် ရယူခဲ့ရာ အဆိုကို ထောက်ခံမဲ ၁၆၅ မဲ၊ ကန့်ကွက်မဲ ၉ မဲ နှင့် ကြားနေမဲ ၃ မဲ ဖြစ်သောကြောင့် အဆိုအား အတည်ပြု ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.