ဝယ်လင်တန် ၊ မတ် ၇ ရက် (ဆင်ဟွာ) နယူးဇီလန် တော်ဝင် ဘူမိဗေဒ နှင့် နျူကလီးယား သိပ္ပံ အင်စတီကျု က နိုင်ငံမြောက်ပိုင်း Kermadec ကျွန်းစု အနီး ပင်လယ်ပြင်တွင် မတ်လ ၇ ရက် နံနက်ပိုင်းအချိန် ၌ ပြင်းအား ၆.၄...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မတ်လ ၆ ရက် တွင် စတင်ဖြေဆိုကြရာ စာစစ်ဌာနစုစုပေါင်း ၁၈၈၆ ခုတွင် ဖြေဆိုသူပေါင်း ၈၅၁,၅၇၀ ရှိ ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အန်ကာရာ ၊ မတ် ၇ ရက်(ဆင်ဟွာ) တူရကီနိုင်ငံသမ္မတ အာဒိုဂန်က S-400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဝယ်ရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီခဲ့ပြီးနောက် အနာဂတ်တွင် S-500 စနစ်ကိုပါ ဝယ်ယူရေး သဘောတူညီမှုအသစ်တစ်ခု လုပ်ဆောင်သွားနိုင်ဖွယ် ရှိကြောင်း မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ မတ် ၇ ရက် (ဆင်ဟွာ) အလက်စကာပြည်နယ် ကိုဘက်မြို့ အနောက်တောင်ဘက် ၏ တောင်ဘက် ၆၈ကီလိုမီတာ အကွာ တွင် မတ် လ ၆ ရက် ဂရင်းနစ်စံတော်ချိန် ၂၁း၃၃း၁၄နာရီက အင်အား ၅.၄ ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress= NPC) ၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများ အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၄ ရက်တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေးနှင့် ထိပ်တန်း နိုင်ငံရေးအကြံပေးအဖွဲ့ဝင်များနှစ်ပတ်လည် ပုံမှန်အစည်းအဝေး မတိုင်မီ ထုတ်ပြန်သော အစိုးရအလုပ်အစီရင်ခံစာတစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
ပေကျင်း၊ မတ် ၄ ရက်(ဆင်ဟွာ) ခေတ်သစ် ပြည်ပကူညီထောက်ပံ့ရေးလုပ်ငန်းများတွင် တာဝန်ယူမှုတာဝန်ခံမှုနှင့် အကျိုးဆောင်မှုအသစ်များ ရှိရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကြီးအကဲ ဝမ်ရှောင်ထောင်းက မတ်လ ၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC)...
ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည့် နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ယနေ့(မတ် ၃ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် မကြာမီကျင်းပမည့် ဥပဒေပြုရေးနှင့် နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံများသို့ တက်ရောက်သတင်းယူရန် ပြည်ပမှ သတင်းစာဆရာ ၁,၀၀၀ ကျော်အပါအဝင် စုစုပေါင်း သတင်းထောက် ၃,၀၀၀ ကျော် စာရင်းပေးထားကြောင်း သိရသည်။