Connect with us

Latin America

ဗင်နီဇွဲလား နိုင်ငံ အစိုးရ အား ဖြုတ်ချရန် အမေရိကန် က လက်နက်အင်အား အသုံးပြုရေး ကို စီစဉ်နေကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အမေရိကန် နိုင်ငံ က လက်နက်အင်အား အသုံးပြု၍ ဗင်နီဇွဲလား နိုင်ငံ အစိုးရ အား ဖြုတ်ချရန် စီစဉ်နေသည် ဟု ယူဆ ကြောင်း ဖောဖော်ဝါရီ ၇ ရက် ၌ ပြောကြား ခဲ့သည်။

Maria Zakharova က သတင်းစာ ရှင်းလင်းပွဲ တွင် အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အစိုးရ အား လက်နက် အင်အား ဖြင့် ဖြုတ်ချရန် ပြင်ဆင်နေသည် ဟု ပြောကြား နိုင်ကြောင်း ၊ အမေရိကန် နိုင်ငံ က ဗင်နီဇွဲလား နိုင်ငံ အရေး တွင် မိမိ နိုင်ငံ ၏ အကျိုးစီးပွား တစ်ခု တည်းကိုသာ ကြည့်ပြီး ယင်း နိုင်ငံ ပြည်သူလူထု ၏ ကံကြမ္မာ အပေါ် မျက်ကွယ်ပြုထားကြောင်း ပြောကြား ခဲ့သည်။

ဗင်နီဇွဲလား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Guaido က ဇန်နဝါရီ ၂၃ ရက် ၌ ကျင်းပ ပြုလုပ်ခဲ့သည့် အတိုက်အခံ ပါတီ အစုအဝေး လှုပ်ရှားမှု တစ်ရပ် တွင် မိမိ ကိုယ်မိမိ ယာယီ သမ္မတ အဖြစ် ကြေညာ ခဲ့ကြောင်း ၊ ထို့ပြင် လွှတ်တော် ဥက္ကဋ္ဌ က အထွေထွေ ရွေးကောက်ပွဲ ပြန်လည် ကျင်းပ ပြုလုပ်ရန် တောင်းဆိုခဲ့ရာတွင် အမေရိကန် နှင့် လက်တင်အမေရိကန် နိုင်ငံ များ က လွှတ်တော် ဥက္ကဋ္ဌ အပေါ် ထောက်ခံအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ၊ လက်ရှိ ဗင်နီဇွဲလား နိုင်ငံ သမ္မတ ရာထူး မှ နှုတ်ထွက်ပေးရန် အတွက် လတ်တလောရက်ပိုင်းအတွင်း အမေရိကန် နိုင်ငံ က ဖိအားပေး ဆောင်ရွက်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ကဏ္ဍ အသီးသီး တွင် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့်လည်း လတ်တလောရက် ပိုင်း တွင် ဗင်နီဇွဲလား နိုင်ငံ အပေါ် စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခြင်း အား ဆောင်ရွက်ရန် နည်းလမ်း တစ်ခု အဖြစ် ထားရှိကြောင်း ထုတ်ပြန်ခဲ့သည် ဟု သိရှိရသည်။(Xinhua)