မော်စကို ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ၎င်း၏ Kalibr တာဝေးပစ်ဒုံးကျည်များ နှင့် တာဝေးပစ် အသံထက်မြန်သော ဒုံးကျည်များအတွက် မြေပြင်အခြေစိုက် ပစ်စင်များ၏ ပစ်ခတ်နိုင်သော အကွာအဝေးပိုမို လာစေရန် ပစ်ခတ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က ဖေဖော်ဝါရီ ၅...
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို လွှတ်တော် နှစ်ရပ်မှ အမတ်ဦးရေ တူညီစွာဖြင့် ဖွဲ ့စည်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်းကို တည်ဆောက်ရန်၎င်းအနေနှင့် မဖြစ်မနေ သန္တွိဌာန် ချထားကြောင်း ဖေဖော်ဝါရီ ၅ ရက် ညပိုင်း ကပြုလုပ်သော နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားလိုက်သည်။
ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ ဝန်ကြီးချုပ် နက်တန်ယာဟု (Netanyahu) က ဖေဖော်ဝါရီ ၅ ရက် ၌ ၎င်းအနေဖြင့် ယခုလ ၂၁ ရက် တွင် ရုရှား နိုင်ငံ သို့ သွားရောက် လည်ပတ်မည်...
ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ) အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ့ဆုံပွဲကို ဖေဖော်ဝါရီ ၂၇ ရက်၊ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၅ ရက်က ၎င်း၏နိုင်ငံအခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။
ဂါဇာ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသတွင် လစဉ်လတိုင်း ကင်ဆာရောဂါဖြစ်ပွားမှုအသစ် ၁၂၀ မှ ၁၃၀ ခန့်ရှိကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ ဂါဇာကမ်းမြောင်ဒေသ ၏ ကျန်မာရေးဝန်ကြီးဌာနမှ ပြောကြားသည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ Minas Gerais ပြည်နယ်တွင် ဖြစ်ပွားသည့် ဆည်ကျိုးမှုကြောင့် သေဆုံးသူ ၁၃၄ ဦးအထိ ရှိပြီဖြစ်ပြီး ၁၉၉ ဦးပျောက်ဆုံးနေကြောင်း ၎င်းပြည်နယ် ပြည်သူ့ကာကွယ်ရေးဌာနက ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက ပြောကြားခဲ့သည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) အိန္ဒိယ နိုင်ငံ မြို့တော် ဒေလီ၌ H1N1 တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်းမှာ လျှင်လျှင်မြန်မြန် တိုးတက်လာခဲ့ပြီး ယခုနှစ်ထဲတွင် ကူးစက်ခံရသူ ဦးရေ ၁၀၀၀ ကျော်တွင် သေဆုံးသူမှာ ၁၁ ဦး ရှိကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦးတို့ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်က ဖေဖော်ဝါရီ ၆ ရက်နေ့(နောက်တစ်နေ့ ) အစည်းအဝေး...
ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဈေးကွက်အခြေခံသော ရည်ညွှန်းငွေလဲလှယ်နှုန်း ကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ လ ၅ ရက်နေ့မှစတင်ထုတ်ပြန်မည်ဖြစ်ပြီး ယင်းမှာ နေ့တစ်နေ့အတွက် အဆိုပါနေ့တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းများ မှ ရယူသတ်မှတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သည်။