အစ္စတန်ဘူလ်၊ မတ် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဧပြီလအတွင်း ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်သို့ တူရကီနိုင်ငံ တက်ရောက်ရန် စီစဉ်ထားကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ်လ ၆ ရက်က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် ကို မတ်လ ၁ရက်နေ့အထိ လိုင်စင်စုစုပေါင်း (၁၇၆) ခု ထုတ်ပေးထားရှိပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ မတ်လ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)တွင် မှတ်ပုံတင်ထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင် အားလုံး အခွန်ကင်းလွတ်ခွင့် တစ်ပြေးညီ ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
မနီလာ ၊ မတ် ၇ ရက်(ဆင်ဟွာ) အစိုးရဝန်ထမ်းများ အလုပ်ချိန်အတွင်း အွန်လိုင်းဂိမ်းကစားခြင်းကိုတားမြစ်ကြောင်း၊ စည်ကမ်း လိုက်နာမှုမရှိသူများအား အလုပ်တာဝန်မှ ခေတ္တရပ်နားခြင်း သို့မဟုတ် ထုတ်ပစ်သည်အထိ အရေးယူ သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံ ဝန်ထမ်းရေးရာကော်မရှင်(CSC)က မတ်လ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
တီဟီရန်၊ မတ် ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော အီရတ်နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Mohamed al-Halbousi က အီရတ်နိုင်ငံသည် အမေရိကန်၏ တားမြစ်ပိတ်ဆို့မှုများကိုရင်ဆိုင်၍ အီရန်နိုင်ငံဘက်မှ ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း မတ် ၆ရက်ကပြောကြားခဲ့ကြောင်း Tehran Times သတင်းစာက ဖော်ပြခဲ့သည်။
တူးနစ်၊ မတ် ၇ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ သမ္မတ Beji Caid Essebsi သည် နိုင်ငံတော်အရေးပေါ်အခြေအနေကာလ အား ၂၀၁၉ခုနှစ် မတ် ၇ ရက်မှ နောက်ထပ် တစ်လ ထပ်မံတိုးမြှင့်လိုက်သည်ဟု ကြေညာလိုက်ကြောင်း သမ္မတရုံး က မတ် ၆ ရက်တွင်...
ကာရာကာ့စ် ၊ မတ် ၇ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံက ကာရာကာ့စ်မြို့ရှိ ဂျာမနီနိုင်ငံသံအမတ်ကြီးအား ဗင်နီဇွဲလားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ကာ ရှုပ်ထွေအောင်ပြုလုပ်နေခြင်းအတွက် သံတမန်ကျင့်ဝတ်ဖောက်ဖျက်မှုဖြင့် နိုင်ငံအတွင်းမှ ၄၈ နာရီအတွင်း ထွက်ခွာသွားရန် မတ် ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) မတ်လ ၆ ရက် တွင် စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ သိရသည်။
ဘဂ္ဂဒက်၊ မတ် ၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ ဝန်ကြီးချုပ် Adel Abdul Mahdi နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo တို့သည် ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး အီရတ်နိုင်ငံ ၌ အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များ တရားဝင်အခြေချ တည်ရှိနေခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း...