ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ၅ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပနားမား၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၂ ရက်တွင် ပနားမားနိုင်ငံ ပနားမားမြို့သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဗျူနိုအေးရိစ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် မှော်စွမ်းအားတစ်ခုရှိမည်ဆိုပါက ယင်းမှာ ရိုးသားဖြောင့်မတ်မှုပင်ဖြစ်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန် ကျေးရွာ လွဲခမ်းတောင်ခြေအနီး ရှေး ဟောင်းတောရကျောင်း တောင်ထိပ်တွင် ပထမဆုံး ကျောက်စိမ်းစေတီ တည်ထားကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်၊ ပင်လောင်း၊ ဖယ်ခုံ၊ ကျိုင်းတုံ၊ မိုင်းတုံနှင့် တွန်းဇံမြို့နယ်တို့၌ ဘိန်းခင်း ဧက ၆၀ကျော် ကို ဖျက်ဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ငြိမ်းချမ်း သာယာဝပြောသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းကြောင်း ယနေ့ကျရောက်သော (၉၈) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ အဆိုပါ...
ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကျပ် သိန်း ၇၃၁၂တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို နိုဝင်ဘာ ၃၀ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။