Connect with us

North America

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ပနားမားနိုင်ငံသို့ ရောက်ရှိလာ

နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ပနားမားနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အား တွေ့ ရစဉ်(ဆင်ဟွာ)

ပနားမား၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာ ၂ ရက်တွင် ပနားမားနိုင်ငံ ပနားမားမြို့သို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီး ဖုန်းလိယွမ် တို့သည် အထူးလေယာဉ်ဖြင့် ဒေသစံတော်ချိန် ၂၀ နာရီခန့်တွင် ပနားမာမြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela နှင့် ဇနီး Lorena Castillo Garciaတို့က နွေးထွေးပျူငှာစွာ ခရီးဦးကြိုပြုခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် လေဆိပ်ရှိ ဂုဏ်ပြုစင်မြင့်ထက်၌ နေရာယူပြီး ပနားမားဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း၊

ယင်းဂုဏ်ပြုတပ်ဖွဲ့က တရုတ်-ပနားမား နှစ်နိုင်ငံ နိုင်ငံတော်သီးချင်းများတီးမှုတ်၍ သမ္မတရှီ နှင့် တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြောင်း နှင့်

ယင်းနောက်တွင် သမ္မတရှီသည် ပနားမားသမ္မတ Juan Carlos Varela နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အား လိုက်လံ စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသခံ အနုပညာရှင်များက ရိုရားအကအလှများဖြင့်တင်ဆက်ခြင်း ၊ ပနားမားကလေးငယ်များ နှစ်နိုင်ငံချစ်ကြည်ရေးအလံများ ဝှေ့ယမ်း၍ ကြိုဆိုခြင်းများလည်း ပြုလုပ်ခဲ့သည်။

သမ္မတရှီက ယခုခရီးစဉ်သည် ၎င်း၏ ပထမဆုံးအကြိမ် ပနားမားနိုင်ငံ သို့လာရောက် လည်ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံသမ္မတတစ်ဦးအနေဖြင့် ပနားမားနိုင်ငံသို့ပထမဆုံး လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီက တရုတ်နိုင်ငံပြည်သူများ ကိုယ်စား ပနားမားနိုင်ငံပြည်သူများအား နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာ ပို့သပါကြောင်း ၊ တရုတ်-ပနားမား နှစ်နိုင်ငံသည် လွန်ခဲ့သော တစ်နှစ်ခွဲက One China Policy ကို အခြေခံ၍ တရားဝင် သံတမန် ဆက်ဆံရေးထူထောင်ခဲ့ရာ နှစ်နိုင်ငံအကြား

နှစ်ပေါင်း ၁၆၀ကျော်ကြာတည်ရှိခဲ့သော ဆက်ဆံရေး၏ သမိုင်းစာမျက်နှာသစ်တစ်ရပ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ၊ ထိုသို့သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးမှာ ခိုင်မာစွာ စတင်ခဲ့ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း ၊တရုတ်-ပနားမား သံတမန် ဆက်ဆံရေးသည် နှစ်နိုင်ငံ ပြည်သူများ နှင့် နိုင်ငံအတွက်ပါ ရေရှည်အကျိုးစီးပွား နှင့် ကိုက်ညီမှုရှိရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ရှေးအလားအလာများစွာရှိကြောင်း ပြောကြားခဲ့ သည်။

ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela နှင့်တွေ့ဆုံပြီး တရုတ်-ပနားမား နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အသေးစိတ်အစီအစဉ်များ ရေးဆွဲကာ အပြန်အလှန်အကျိုး ဖြစ်ထွန်းစေ မည့် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက် ခြင်းဖြင့် နိုင်ငံနှစ်နိုင်ငံနှင့်ပြည်သူအများ အကျိုး ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရန် ဆွေးနွေးသွားလိုကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

သမ္မတရှီသည် အာဂျင်တီးနားနိုင်ငံသို့ နိုင်ငံတော်လည်ပတ်ရေးခရီးစဉ်သွားရောက်ခဲ့ပြီးနောက် ယင်းမှတဆင့် ပနားမားနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပနားမားနိုင်ငံသည် သမ္မတရှီ၏ တတိမြောက် ခရီးတစ်ထောင့်နိုင်ငံဖြစ်ပြီး ၎င်းသည် ယင်းမှတဆင့် ပေါ်တူဂီနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.