ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာ ရေးဆွဲအကောင် အထည် ဖော်ရေး ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်၌ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားတိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်၍ တရုတ်(ဟူနန်)-မြန်မာ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲနှင့်ဟူနန်ပိုးလမ်းမကြီးဆက်သွယ်ရေး စင်တာ(မြန်မာ)ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ ဆူးလေ Shangrila Hotelတွင် ကျင်းပခဲ့သည်။
မေးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒမဲများ၏ တရားဝင်အတည်မပြုရသေးသောရလဒ်များအရ အတိုက်အခံကိုယ်စားလှယ်လောင်း Ibrahim Mohamed Solih က ဆန္ဒမဲ ၅၈.၃ ရာခိုင်နှုန်းရရှိထားသဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း တရားမဝင် အင်သစ်/ သစ်ယာသစ်/ ပျဉ်းကတိုးသစ်/ပျဉ်းမသစ် စုစုပေါင်း (၂၂.၇၅၆၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ပါရာမာရီဘို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆူရာနမ်နိုင်ငံနှင့်အတူ ဆက်ဆံရေးတိုးမြှင့်ကာ အဆင့်သစ်သို့ တက်လှမ်းရန် ဆန္ဒရှိကြောင်း ဆူရာနမ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နို်င်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
တီဟီရန်၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက အီရန်နိုင်ငံမှရေနံတင်သွင်းမှုကို လုံး၀ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အီရန် ရေနံဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ၎င်းမှာ အမေရိကန်က နိုဝင်ဘာလတွင် အီရန်၏ရေနံတင်ပို့မှုကို ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက် ပြောဆိုပြီးနောက် အီရန်၏ရေနံတင်သွင်းမှုကို သုညအထိလျှော့ချခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့၏ အနောက်မြောက်ဘက် ကီလိုမီတာ ၁ဝဝ ခန့်အကွာရှိ ကမ်းလွန် လုပ်ကွက် အမှတ် A-6 တွင် အကဲဖြတ်တွင်း ရွှေရည်ထွန်း(၂) မှ သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်ကြောင်း စမ်းသပ် တွေ့ရှိခဲ့ရသည်ဟု ပြန်ကြားရေး ဝန်ကြီး...
ဘန်ဒါဆရီဘာဂါဝန် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘရူနိုင်း နိုင်ငံသည် ဘဝရှေ့ရေးအလားအလာ ၊ လူနေမှု အဆင့်အတန်း နှင့် ဉာဏ်ပညာဖွံ့ဖြိုးမှု အပိုင်းတွင် အဆင့်တိုးတက်မြင့်မားလာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၏ မကြာသေးခင်က ထုတ်ပြန်လိုက်သည့် ညွှန်းကိန်းတွင် ဖော်ပြထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဘားအံမြို့နယ်၊ တောင်ကလေး ကျေးရွာရှိ ဘားအံအကျဉ်းထောင်မှ ထွက်ပြေးသွားသော အကျဉ်းသား ၄၂ဦးအနက် ၂၄ဦး ပြန်လည် ဖမ်းမိထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang ကွယ်လွန်ခဲ့ပြီး နှစ်ရက်အကြာတွင် ဒုတိယသမ္မတ Dang Thi Ngoc Thinh သည် စက်တင်ဘာလ ၂၃ ရက်တွင် ယာယီသမ္မတဖြစ်လာခဲ့ကြောင်း Vietnam News Agency အရ...