Connect with us

Asia

မော်လ်ဒိုက်နိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံ ကိုယ်စားလှယ်လောင်း အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်

မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားခဲ့သော အတိုက်အခံ ကိုယ်စားလှယ်လောင်း Ibrahim Mohamed Solih အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မေးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲ ဆန္ဒမဲများ၏ တရားဝင်အတည်မပြုရသေးသောရလဒ်များအရ အတိုက်အခံကိုယ်စားလှယ်လောင်း Ibrahim Mohamed Solih က ဆန္ဒမဲ ၅၈.၃ ရာခိုင်နှုန်းရရှိထားသဖြင့် အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

ကေ်ာမရှင်မှ ထုတ်ပြန်သည့် တရားဝင်အတည်မပြုရသေးသောရလဒ်များအရ Solih သည် ဆန္ဒမဲ ၁၃၄,၆၁၆ မဲ ရရှိထားပြီး Progress Paryt မှ လက်ရှိသမ္မတ Abdulla Yameen က ဆန္ဒမဲ ၉၆,၁၃၂ မဲ ရရှိထားကြောင်း သိရသည်။ ဆန္ဒမဲပေးသူ ၂၃၃,၈၇၇ ဦး၊ မဲပေးခွင့်ရှိသူ ၈၉.၂၂ ရာခိုင်နှုန်းက ဆန္ဒမဲလာရောက်ပေးခဲ့ကြသည်။နောက်ပိုင်းတွင် မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာနက မဲရလဒ်ကို အသိအမှတ်ပြုလက်ခံခဲ့ကြောင်း တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲအား စက်တင်ဘာလ ၂၃ ရက်ညနေပိုင်းတွင် ပိတ်သိမ်းခဲ့ပြီး ယခုတစ်ခေါက် မဲပေးသူအရေအတွက်သည် မကြာသေးမီနှစ်များအတွင်း အများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောကြားခဲ့သည်။မဲပေးခြင်းများအား ချောမွေ့စွာနှင့် လွတ်လပ်၍ တရားမျှတမှုရှိစွာ လုပ်ဆောင်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို လာမည့် ၇ ရက်အတွင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)