Connect with us

Asia

ဘရူနိုင်းနိုင်ငံသည် နောက်ဆုံးထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ လူ့စွမ်းအားဖွံ့ဖြိုးမှု ညွှန်းကိန်းတွင် အဆင့်တိုးတက်လာ

ဘရူနိုင်း နိုင်ငံ မြို့ တော် ဘန်ဒါဆရီဘာဂါဝန်တွင် ၃၄ နှစ်မြောက် အမျိုးသားနေ့ ချီတက်ပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ဒါဆရီဘာဂါဝန် ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဘရူနိုင်း နိုင်ငံသည် ဘဝရှေ့ရေးအလားအလာ ၊ လူနေမှု အဆင့်အတန်း နှင့် ဉာဏ်ပညာဖွံ့ဖြိုးမှု အပိုင်းတွင် အဆင့်တိုးတက်မြင့်မားလာခဲ့ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်(UNDP)၏ မကြာသေးခင်က ထုတ်ပြန်လိုက်သည့် ညွှန်းကိန်းတွင် ဖော်ပြထားသည်။

နိုင်ငံအတွင်းထုတ်ဝေသည့် Borneo Bulletin နေ့စဉ် သတင်းစာက စက်တင်ဘာ ၂၃ ရက်တွင် ရေးသားရာ၌ ၂ဝ၁၈ ခုနှစ် နောက်ဆုံးစစ်တမ်းအရ ကုလသမဂ္ဂလူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း (HDI) တွင် ဘရူနိုင်းနိုင်ငံ၏ ၂ဝ၁၇ ခုနှစ် ရမှတ်မှာ ဝ.၈၅၃ မှတ်ဖြစ်ရာ “ အလွန်မြင့်မားသော လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု” အဆင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

နောက်ဆုံးထုတ်ပြန်လိုက်သည့်ညွှန်းကိန်းတွင် ဘရူနိုင်း နိုင်ငံသည် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် အဆင့် ၃၉ တွင် ရပ်တည်နေကြောင်း နှင့် ၂ဝ၁၆ ခုနှစ်တွင် ရရှိခဲ့သော အဆင့် ၄ဝ မှ ရှေ့သို့တစ်ဆင့် တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဘရူနိုင်း နိုင်ငံနှင့်အတူ အခြား အရှေ့တောင်အာရှဒေသတွင် “အလွန်မြင့်မားသော လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု” စာရင်းဝင် နိုင်ငံများအဖြစ် ပါဝင်ခွင့်ရသည့် နိုင်ငံ နှစ်နိုင်ငံမှာ စင်ကာပူနိုင်ငံက အဆင့် ၉ နှင့် မလေးရှားနိုင်ငံက အဆင့် ၅၇ တို့ဖြင့် အသီးသီး ပါဝင် ရပ်တည်နေကြောင်း သိရသည်။

၁၉၉ဝ ပြည့်နှစ်တွင် ပထမဆုံး စတင် မိတ်ဆက်ခဲ့သည့် HDI ညွှန်းကိန်း တိုင်းတာမှုကို လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှု ရှုထောင့် သုံးခု ပေါ်အခြေခံ၍ ကာလရှည်ဖွံ့ဖြိုးတိုးတက်မှုပုံစံဖြင့် တွက်ချက်တိုင်းတာခဲ့ခြင်းဖြစ်သည်။ ၎င်းအချက်များမှာ အသက်ရှည် အနာမဲ့သော လူမှုဘဝ ၊ အသိဉာဏ်ပညာရှာမှီးခွင့် နှင့် လူနေမှု အဆင့်အတန်းမြင့်မားမှု တို့ဖြစ်သည်။နော်ဝေ ၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ အိုင်ယာလန် နှင့် ဂျာမနီနိုင်ငံတို့သည် HDI ( လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်း)တွင် ထိပ်ဆုံးနိုင်ငံများအဖြစ် အသီးသီးရပ်တည်နေကြကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117