ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး မဒေါက်မြို့ တွင် (၃)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ရေကြီး နစ်မြုပ်နေသည့် အိမ်ထောင်စုပေါင်း ၆,၂၃၂ နှင့် ရေဘေးသင့်ပြည်သူ ၃၁,၉၄၂ ဦး ထိရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင်...
လာဂို့စ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်းပြီး ဖမ်းဆီးထားသော ဓါးစားခံများအား လွှတ်ပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး က သြဂုတ် ၄ရက်တွင်ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Kohat ခရိုင်တွင် သြဂုတ် ၄ရက် ညနေပိုင်းတွင် ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၃၀ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း နှင့် ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
တိုကျို၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ခါနာဂါဝါစီရင်စု၊ ဆာဂါမီဟာရာမြို့ ရှိ နွေရာသီပွဲတော်တစ်ခု တွင် သြဂုတ် ၄ရက် ညနေပိုင်းက မီးဖိုတစ်ခု၏ ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ရာ လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) သြဂုတ်လ ၄ ရက်က ဗင်နီဇွဲလား သမ္မတ Maduroအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သော်လည်း သမ္မတ Maduroမှာ ဘေးကင်းလုံခြုံခဲ့ကြောင်း သတင်းနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးJorge Rodriguezက ယင်းနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
ဂါဇီ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂါဇီပြည်နယ် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ် ၃ရက်တွင်ပြုလုပ်သော စစ်သွေးကြွရှင်းလင်းရေးစစ်ဆင်မှုအတွင်း အနည်းဆုံး စစ်သွေးကြွ ၂၈ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦး က သြဂုတ် ၄ရက် ကပြောကြားခဲ့သည်။
ကာရေကပ်စ် ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံသမ္မတ Nicolas Maduro သည် သြဂုတ် ၄ ရက်က ၈၁ နှစ်မြောက် ဘိုလီးဗီးယားအမျိုးသားအစောင့်တပ် အောက်မေ့ဖွယ်အခမ်းအနား၌ မိန့်ခွန်းပြောကြားနေစဉ် မျှော်လင့်မထားသော ဆန္ဒပြနှောင့်ယှက်မှုတစ်ခုနှင့်ကြုံတွေ့ခဲ့ရသဖြင့် မိန့်ခွန်းပြောကြားနေမှုကို ရုတ်တရက် ရပ်နားလိုက်ရကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ အမှတ်(၁၀)ရပ်ကွက်တွင် သောက်သုံးရေ သိုလှောင်ရာ မြေသားကန်ကြီးသည် မိုးအဆက်မပြတ်ရွာသွန်းမှု များကြောင့် ရေများပြည့်လျှံနေပြီး ဩဂုတ် ၃ ရက်နေ့ ညနေ ၅ နာရီခွဲက မြေသားကန်ပေါင် ကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။