Connect with us

Environment, Disasters & Accidents

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ အမှတ်(၁၀)ရပ်ကွက်တွင် သောက်သုံးရေကန် ကျိုးပေါက်မှုဖြစ်ပွား

သောက်သုံးရေကန် ကျိုးပေါက်မှုဖြစ်ပွားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ အမှတ်(၁၀)ရပ်ကွက်တွင် သောက်သုံးရေ သိုလှောင်ရာ မြေသားကန်ကြီးသည် မိုးအဆက်မပြတ်ရွာသွန်းမှု များကြောင့် ရေများပြည့်လျှံနေပြီး ဩဂုတ် ၃ ရက်နေ့ ညနေ ၅ နာရီခွဲက မြေသားကန်ပေါင် ကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အဆိုပါသောက်သုံးရေကန် ကျိုးပေါက်မှုအား မြို့နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများက စုပေါင်း၍ ကျိုးပေါက်သွားသည့် သောက်သုံး

ရေကန်ပေါင်အား ဝိုင်းဝန်းပိတ်ဆို့ခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.