Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ရေကြီး နစ်မြုပ်နေသည့် အိမ်ထောင်စုပေါင်း ၆,၂၃၂စု ရှိ

ရေဘေးရှောင်ပြည်သူများအားကူညီနေမှုကိုတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ရေကြီး နစ်မြုပ်နေသည့် အိမ်ထောင်စုပေါင်း ၆,၂၃၂ နှင့် ရေဘေးသင့်ပြည်သူ ၃၁,၉၄၂ ဦး ထိရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့်ဒေသခံအချို့ရေလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ ခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်နေ့အထိ ယာယီရေဘေးရှောင် စခန်းများဖြစ်သည့် ကျုံဒိုးအမှတ် ၁ ရပ်ကွက်ရှိ ဓမ္မသုခကျောင်း၊ ကျုံဒိုးအမှတ် ၂ ရပ်ကွက်ရှိ အထက ကျုံဒိုး စာသင်ကျောင်း၊ ကျုံဒိုး အမှတ် ၃ ရပ်ကွက်ရှိ အမက ၆ စာသင်ကျောင်း၊ ကျုံဒိုးအမှတ် ၄ ရပ်ကွက်ရှိ တောရ ကျောင်း ဓမ္မာရုံနှင့် ဒေါဖျာကျေးရွာမှ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ရေဘေးရှောင် အိမ်ထောင်စုပေါင်း ၃၁၁ စုနှင့် ကျား/မ လူဦးရေ စုစုပေါင်း ၁၃၈၇ ဦးတို့ နေထိုင်လျက်ရှိသည်။

အလားတူ ရေကြီးနစ်မြုပ်မှုကြောင့် နီးစပ်ရာ ဆွေမျိုးများ နေအိမ်တွင် နေထိုင်သည့် အိမ်ထောင်စု ၁၇၀ နှင့် လူဦးရေ ကျား/မ စုစုပေါင်း ၇၄၂ ဦး၊ ရေကြီးနစ်မြုပ်သော်လည်း မရွှေ့ပြောင်းဘဲ ဆက်လက်နေထိုင်သည့် အိမ်ထောင်စု ၅,၇၅၁ စုနှင့် လူဦးရေ ကျား/မ စုစုပေါင်း ၂,၉၀၃ ဦးရှိပြီး ယနေ့အထိ ကော့ကရိတ် မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုပ်နေ သည့် အိမ်ထောင်စုပေါင်း ၆,၂၃၂ စုနှင့် ကျား/မ လူဦးရေ စုစုပေါင်း ၃၁,၉၂၃ ဦးထိ ရှိကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုရှိသော်လည်း ဆက်လက်နေထိုင်သည့် ကျေးရွာများမှာ ဒေါဖျာကျေးရွာအုပ်စု၊ နဘူးနှစ်ခြား ကျေးရွာအုပ်စုမှ (မွန်စုကျေးရွာနှင့် ဘုရားကုန်းကျေးရွာ) အနောက်ဘက်ကမ်း ကျေးရွာအုပ်စုမှ (ညောင်ရိပ်သာကျေးရွာနှင့် သရက်တောကျေးရွာ) ကမ်းနီကျေးရွာအုပ်စုမှ (ကမ်းနီကျေးရွာနှင့် ကော့ကာ ကျေးရွာ၊) ကညင်ကတိုက်ကျေးရွာအုပ်စု၊ ကျုံဘိုင်းကျေးရွာအုပ်စုမှ (သုံးအိမ်စု၊ ကော့သာဆူးကျေးရွာ) ဘားဘုတ်ကျေးရွာအုပ်စုတွင်(ငှက်ပျောတောကျေးရွာ)၊ ချောင်းဖျားကျေးရွာ အုပ်စု၊ ကော့ရိုးကျေးရွာအုပ်စုတွင် (ကော့ရိုး၊ ကော့တာကျေးရွာ)၊ ကော့ကျိုက်ကျေးရွာ၊ မင်းရွာ၊ ခရစ်ကျောက်တန်း၊ ကရင်ကျောက်ဖျာကျေးရွာ အုပ်စုတွင်(ကရင်ကျောက်ဖျာ၊ ရွာကလေး)၊ ကော့ဘိန်းကျေးရွာအုပ်စုတွင် ( ကော့ဘိန်း၊ ကော့ဖိ၊ ကော့ငှက် အနောက်၊ ကော့ပလိုင်ကျေးရွာများ)၊ မိဂလုံကျေးရွာအုပ်စုတွင်(မိဂလုံ၊ သမ္ဗာန်ချောင်း)၊ တောင်ကမ္မရိုက် ကျေးရွာ အုပ်စု၊ မြောက်ကမ္မရိုက် ကျေးရွာ အုပ်စုတွင် ( မြောက်ကမ္မရိုက်၊ ငှက်ပျောတော၊ မာလာကုန်း၊ ကော့ပ ထူး၊ သလွဲထော်၊ အောင်ဗလကုန်းကျေးရွာများ)၊ ရေပူကြီးကျေးရွာအုပ်စုတွင် ရေပူခင်တန်းကျေးရွာ၊ ကော့ပေါက်ကျေးရွာ အုပ်စုတွင်( ကော့ပေါက်၊ ကော့တုံ)၊ မင်းရွာကျေးရွာအုပ်စုတွင် (မင်းရွာ၊ ပေါ့ကြူကုန်း) နှင့် ခနိမ်းဖော်ကျေးရွာအုပ်စု အတွင်းရှိ ကော့ပလန်ကျေးရွာများ ဖြစ်ကြသည်။

အဆိုပါ ရေကြီးရေနစ်မြုပ်နေသည့် ယာယီရေဘေးရှောင်စခန်းများနှင့် ရေမြုပ်နေသည့် ကျေးရွာများသို့ ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်အဖွဲ့၊ တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက နေ့စဉ် စားသောက်ကုန်နှင့် သောက်ရေသန့်များ ပေးပို့လှူဒါန်းကြရာ သြဂုတ်လ ၃ ရက်နေ့က ကရင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆန်၊ ခေါက်ဆွဲခြောက်များနှင့် ကြက်ဥ အလုံး ၂၀၀၀၊ အာဟာရထုတ်၊ ငါးဆားနယ်၊ ကြက်သွန်ဖြူ/နီ၊ ကြက်အူချောင်း၊ ပဲ၊ ရေသန့်စသည့် ပစ္စည်းများကို ကျေးရွာ ၈ ရွာနှင့် ရပ်ကွက် ၂ ခုသို့ လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် တပ်မတော် -၂-ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဌာန၊ တိုင်းရင်းဆေးဌာန တို့မှလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်းတို့ ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.