Connect with us

Asia

အိန္ဒိယနိုင်ငံ၌ အစိုးရဝန်ထမ်းနေရာလွတ် ၂.၄ သန်း နီးပါးရှိ

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တစ်ဝန်းလုံးတွင် အစိုးရဝန်ထမ်း အလုပ်နေရာလွတ် ၂.၄ သန်းနီးပါး ရှိနေပြီး ယင်းတို့အနက် ၁.၁ သန်းကျော်မှာ ကျောင်းဆရာ/ဆရာမ နေရာလွတ်များဖြစ်ကြောင်း အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် The Times of India သတင်းစာ၌ သြဂုတ် ၅ ရက်တွင် ဖော်ပြခဲ့သည်။

၎င်းအနေအထားမှာ ၂ဝ၁၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နှစ်စဉ် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁ဝ သန်းဖန်တီးပေးမည်ဟု ပြောဆိုမဲဆွယ်ခဲ့သည့် ဝန်ကြီးချုပ်နာရန္ဒြာမိုဒီ၏ ကတိစကားနှင့် ကွဲလွဲချက်များစွာ ရှိနေဆဲဖြစ်ပြီး အတိုက်အခံပါတီများက လက်ရှိအစိုးရအနေဖြင့် ကတိကဝတ်များကိုအကောင်အထည်ဖော်ရန် ပြီးခဲ့သော လေးနှစ်တာကာလအတွင်း ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားသည်။

အိန္ဒိယအစိုးရအဖွဲ့က အိန္ဒိယနိုင်ငံ အထက်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးတွင် မေးခွန်းများကို လာရောက်ဖြေကြားရာ၌ ဆရာ/ဆရာမ နေရာလွတ်များအပြင် ရဲတပ်ဖွဲ့ဝင် နေရာလွတ် ၅ သိန်းကျော်ထိရှိကြောင်း ၊ မီးရထားဌာနအတွက် နေရာလွတ် ၂၅ဝ,ဝဝဝ နီးပါးရှိကြောင်း ၊ ကျန်းမာရေးကဏ္ဍအတွက် ဝန်ထမ်းနေရာလွတ် ၁၅ဝ,ဝဝဝ ခန့်ရှိကြောင်း ၊ ကာကွယ်ရေးဌာနအတွက် နေရာလွတ် ၁၂ဝ,ဝဝဝ ကျော်ရှိကြောင်း နှင့် အခြားဌာနများတွင်လည်း နေရာလွတ်များ ရှိနေကြောင်း ပြန်လည် ဖြေကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.