Connect with us

Africa & Middle East

နိုင်ဂျီးရီးယား တပ်ဖွဲ့ က နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်း

နိုင်ဂျီးရီးယားနိုင်ငံ တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

လာဂို့စ်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက ဓါးပြအယောက် ၂၀အား သုတ်သင်ရှင်းလင်းပြီး ဖမ်းဆီးထားသော ဓါးစားခံများအား လွှတ်ပေးခဲ့ကြောင်း စစ်တပ်တာဝန်ရှိသူတစ်ဦး က သြဂုတ် ၄ရက်တွင်ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များသည် ဓါးပြများရှိရာ လမ်းကြောင်းတစ်လျှောက်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဓါးပြ အယောက် ၂၀ကို သုတ်သင်နိုင်ခဲ့ကြောင်း စစ်တပ်ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီး Muhammad Dole က ထုတ်ပြန်ချက်တစ်ခုတွင်ပြောကြားခဲ့သည်။

၎င်းက အချို့သော ဓါးပြများသည် သေနတ်ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း၊ မော်တော်ဆိုင်ကယ်များစွာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ နာမည်ကြီး ဓါးပြ ၂ဦးဖြစ်သော Bello Danboko နှင့် Sani Maza တို့ကို Yankuzo မြို့ အနီးရှိ Yanwari ဧရိယာ နှင့် Dansadau မြို့အနီးရှိ Mai Tukunya ရွာအနီးတွင် သုတ်သင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်တပ်အရာရှိက လက်နက်များ၊ ကျည်ဆန်များ၊ မော်တော်ဆိုင်ကယ်များ၊ ဖုန်းများ နှင့် နွားကောင်ရေများစွာကို ဖမ်းဆီးသိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ဂျီးရီးယား အစိုးရသည် Zamfara ပြည်နယ်အတွင်းရှိ မြို့ရွာများတွင် အကြမ်းဖက်လုယက်နေသည့် ဓါးပြများကိုနှိမ်နင်းရန် ကြည်းတပ်၊ လေတပ်၊ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် တပ်ဖွဲ့ဝင် ၁,၀၀၀ပါဝင်သော အားကောင်းသည့် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.